Nanotechnology ကိုနားလည်ခြင်း

Ironman မျက်မှန်ကိုချွတ်ပြီး nanotechnology suit ဝတ်သွားတဲ့ ဇာတ်ဝင်ခန်းကို လူတိုင်းတွေ့ဖူးကြမှာပါ။ Nanotechnology ကို ယနေ့နယ်ပယ်တော်တော်များများမှာ အသုံးပြုနေကြပါပြီ။ မြန်မာလိုတစ်နည်းအားဖြင့်ပြောရရင်တော့ အရာ၀တ္ထုတွေကို ချုပ်ပြီးသေးအောင်လုပ်ထား​တဲ့ နည်းပညာတစ်ခုလို့ ပြောနိုင်ပါတယ်။ ဒီနည်းပညာကို သိပ္ပံပညာရှင်နှင့် အင်ဂျင်နီယာတွေအသုံးပြုကြပါတယ်။ ဆေးဝါးနယ်ပယ်မှာလည်း ဆရာဝန်တွေ အသုံးပြုနေကြပြီဖြစ်ပါတယ်။ သာမန်လုပ်ရိုးလုပ်စဉ် လုပ်နေကျနေရာမှာ ဒီနည်းပညာကိုအစားထိုးလိုက်ခြင်းကြောင့် အချိန်ကုန်သက်သာစေပြီး အလုပ်များစွာပြီးစေပါတယ်။

Electronics နယ်ပယ်

Nanotechnology ကိုနားလည်ခြင်း 1

Electronics ပစ္စည်းတွေမှာရှိတဲ့ transistors, memory chipsets နှင့် solar cells တွေကို ထုတ်လုပ်တဲ့အခါမှာ nano နည်းပညာတွေကို အသုံးပြုကြပါတယ်။ သေးငယ်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ နည်းပညာတွေဖြစ်ပါတယ်။

Energy စွမ်းအင်ပိုင်း

ဆိုလာဆဲလ်တွေမှာ nanotechnology အသုံးပြုထားခြင်းကို တွေ့ရစဉ်

ဆိုလာ(ဆဲလ်)၊ လောင်စာဆီ နှင့် ဘက်ထရီ(ဆဲလ်) တွေ စွမ်းအင်ကိုပိုမိုသိုလှောင်နိုင်ပြီး စွမ်းဆောင်ရည်ကောင်းလာအောင် လုပ်တဲ့နေရာမှာ nano နည်းပညာတွေကို အသုံးပြုကြပါတယ်။

Biomedicine (ဇီ၀ဆေးဘက်ဆိုင်ရာ)

ကင်ဆာရောဂါကို ဓါတ်ကင်ပြီးကုသခြင်းထက် nanotechnology အသုံးပြုပြီးကုသခြင်းရဲ့ ကောင်းကျိုးများ

ကင်ဆာလိုရောဂါ ကုသဖို့အတွက် နှင့် လူတစ်ယောက်ရဲ့လက် ရောက်ရှိဖို့ ခက်ခဲတဲ့နေရာတွေမှာ Nano နည်းပညာကို အသုံးပြုကြပါတယ်။ ဥပမာ အစာအိမ်မှန်ပြောင်းကြည့်တဲ့နေရာနှင့် ကင်ဆာရောဂါတွေကို ကုသတဲ့ နေရာတွေမှာ nano နည်းပညာကို အသုံးပြုကြပါတယ်။ Elon Musk ရဲ့ nuralink chipset တွေမှာလည်း nano နည်းပညာတွေကို အသုံးပြုထားပါတယ်။

Environment (သဘာ၀ပတ်ဝန်းကျင်)

Nano ပစ္စည်းတွေကိုအသုံးပြုပြီး သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းနည်း

သဘာ၀ပတ်ဝန်းကျင်မှာ ညစ်ပတ်နေတဲ့ ချောင်းမြောင်းအင်းအိုင်တွေကို သန့်စင်တဲ့အခါမှာ nano နည်းပညာတွေကို အသုံးပြုကြပါတယ်။ ဥပမာ ရေကန်သန့်စင်ဖို့၊ ရေညှိမတက်ဖို့အတွက် chemical တစ်မျိုးမျိုးအသုံးပြုပြီး သန့်စင်တာမျိုးပါ။ သေးငယ်တဲ့ molecule တွေမှာပါဝင်တဲ့ အရာတွေက ဓါတ်ပြုပြီး သန့်စင်သွားအောင်လုပ်တာမျိုး ဖြစ်ပါတယ်။

Food (အစားအသောက်)

Nanotech ကိုအသုံးပြုပြီး ထုတ်ပိုးထားတဲ့အခွံကိုပါ စားသုံးနိုင်အောင် ဖန်တီးထားခြင်း

အစားအသောက်တွေမှာလည်း nanotechnology ကို အသုံးပြုကြပါတယ်။ ဥပမာ အာကာသမှာ စားသောက်မယ့် အစားအသောက်တွေကို ဝိတ်ပေါ့အောင်လုပ်ထားပြီး ထုတ်ပိုးထားတာမျိုးနှင့် အဟာရတွေကို သိုလှောင်ထားတာမျိုးတွေမှာ nano technology ကို အသုံးပြုကြပါတယ်။

အဝတ်အထည်

Nano နည်းပညာနှင့် အစွန်းအထင်းမထင်အောင် ထုတ်လုပ်ထားသော အင်္ကျီ

အဝတ်အထည်တွေမှာလည်း nano နည်းပညာတွေကို အသုံးပြုကြပါတယ်။ အစွန်းအထင်းအလွယ်တကူမထင်အောင်နှင့် ရေစိုခံနိုင်ဖို့နှင့် မီးအလွယ်တကူမလောင်အောင် nano နည်းပညာတွေအသုံးပြုကြပါတယ်။ အခုဖော်ပြခဲ့တဲ့အရာတွေကို ခံနိုင်ရည်ရှိအောင် အသုံးပြုမယ့်အသားကို တီထွင်ထုတ်လုပ်ခြင်းအားဖြင့် အဝတ်အထည်တွေက လုံခြုံမှုရှိပြီး ကြာရှည်ခံနိုင်ပါတယ်။

စစ်ဘက်ဆိုင်ရာ လက်နက်ပစ္စည်းများ

Nano နည်းပညာနှင့် ထုတ်လုပ်ထားသော drone အသေးစား

ဒီနည်းလမ်းကတော့ nano နည်းပညာကို အဆိုးရွားဆုံးအသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ drone အသေးစားလေးတွေကို nano နည်းပညာနဲ့ထုတ်လုပ်ပြီး စစ်တိုက်ရာမှာ အသုံးပြာကြပါတယ်။

Exit mobile version