Mozilla ဟာ AI Window လို့ခေါ်တဲ့ Tool အသစ်ကို Firefox မှာ ထည့်သွင်း

Mozilla ဟာ Firefox အသုံးပြုသူများအတွက် AI Assistant ဖြစ်တဲ့ AI Window ကို ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ AI Window ဆိုတာ ပုံမှန်မြင်တွေ့နေရတဲ့ AI Chatbox တစ်ခု ဖြစ်ပြီး Firefox အတွက် အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။

Mozilla ရဲ့ ပြောပြမှုအရ AI Window ကို ထည့်သွင်းပေးရခြင်းဟာ အသုံးပြုသူများအနေနဲ့ AI ကို ပိုမိုထိန်းချုပ်ကာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ ဒါ့ကြောင့် Firefox အသုံးပြုသူများအနေနဲ့ Standard Firefox Window နဲ့ Private Window တို့ကိုသာမက AI Window ကိုပါ ရွေးချယ် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ AI Window ဟာ ရိုးရိုးသာမာန် AI Assistant မဟုတ်ပဲ အသုံးပြုသူများရဲ့ လုံခြုံရေးအပိုင်းကိုပါ အပြည့်အဝ အကာအကွယ် ပေးထားကြောင်းလည်း သိရပါတယ်။

လက်ရှိမှာ AI Window ဟာ တည်ဆောက်နေဆဲ ကာလဖြစ်တာကြောင့် စမ်းသပ် အသုံးပြုချင်သူများ အနေနဲ့ Mozilla ရဲ့ Blog Post မှာ သွားရောက်ပြီး Sign Up လုပ်ကာ စမ်းသပ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Exit mobile version