၂၀၂၅ ခုနှစ်မှာ လုပ်ငန်းခွင်မှာ သင်သိထားတဲ့အချို့ Skills တွေက Expire ဖြစ်သွားနိုင်ပါတယ်။ နည်းပညာနယ်ပယ်ထဲမှာ လုပ်ကိုင်နေကြတဲ့ လုပ်သားတွေအပါအဝင် အလုပ်တော်တော်များများမှာ AI က အစားထိုးဝင်ရောက်ယူသွားနိုင်ပါတယ်။ ဒီအချက်ကြောင့် သင်တတ်မြောက်ထားတဲ့ Skills တွေက အသုံးမဝင်တော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ သင်တက်မြောက်ထားတဲ့ Skills တွေနှင့် AI Skills ကို ပေါင်းစပ်ပြီး Upgrade ထပ်လုပ်ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ChatGPT မှာ ထည့်သွင်းတဲ့ Prompt တွေက အခြေခံကျတဲ့ AI Skill တွေဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ နည်းပညာပိုင်းနှင့်ပတ်သတ်ပြီး တစ်ခုခု အခက်တွေ့သည်ဖြစ်စေ၊ သင်လိုချင်တဲ့အဖြေကို ရှာဖို့အခက်တွေ့နေသည်ဖြစ်စေ ChatGPT ကို အနည်းဆုံးအသုံးမပြုပဲ သင်တစ်ယောက်တည်း ကြိုးစားအဖြေရှာနေရင်တော့ သင် နောက်ကျကျန်ခဲ့နိုင်ပါတယ်။ AI တွေနဲ့ အရှိန်အဟုန်တိုးတက်ပြောင်းလဲနေတဲ့ခေတ်မှာ လုပ်ငန်းရှင်တွေက အဖြေကိုပဲ လိုချင်ကြပါတယ်။ သင်ဘယ်လောက်တော်လဲဆိုတာထက် အဖြေတစ်ခုကို အမြန်ဆုံးနည်းလမ်းနှင့် အကောင်းဆုံး ဘယ်လိုရမလဲဆိုတာပဲ စိတ်ဝင်စားကြပါတယ်။ ဒါကြောင့် သင့်အနေနှင့် တက်မြောက်ထားပြီးသား Skills နှင့် AI Skills ကို ပေါင်းစပ်ပြီး အတူတူ အလုပ်လုပ်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။

AI Skills လို့ပြောရာမှာ Prompt Engineering က အရေးကြီးပါတယ်။ Prompt Engineering ဆိုတာကတော့ AI ကို ပြောပြတဲ့အခါမှာ ထည့်သွင်းရေးထားတဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် AI နားလည်အောင် ပြောပြရမယ့် ဘာသာစကားအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ AI နှင့် အမြဲအကျွမ်းတစ်ဝင် ဆက်သွယ်စကားပြောနေတာကြာရင်တော့ သင်နှင့် AI ကြားမှာ ပိုမိုနားလည်တဲ့ relationships တွေ တည်ဆောက်သွားနိုင်ပါတယ်။ ဒီနေ့ခေတ်မှာတော့ Prompt Engineer တွေက Prompt တစ်ခုထုတ်ပေးဖို့ တန်ရာတန်ကြေးတွေ တောင်းနေကြပါတယ်။ ကျွမ်းကျင်တဲ့ Prompt Engineer တစ်ယောက်က အပိုအလိုလုံး၀မရှိပဲ တိကျတဲ့ အဖြေတစ်ခုကို ပေးနိုင်ပါတယ်။
Prompt Engineering ကိုလေ့လာဖို့ Coursera လို Website တွေကတစ်ဆင့်လည်း သင်ယူနိုင်ပါတယ်။ Google မှာလည်း ဝင်ရောက်ရှာဖွေနိုင်ပါတယ်။ တိုးတက်လာတဲ့ခေတ်မှာ သင်ယူမှုကလည်း အရှိန်အဟုန်ပြတ်သွားလို့မရပါဘူး။ မည်သည့်နယ်ပယ်ကဖြစ်စေ Prompt Engineering ကို အခြေခံလောက် သိသွားရုံနှင့် သင့်အတွက်အကျိုးများမှာ အသေအချာပါပဲ။