MIT လိုင်စင် စာသားကို သီချင်းစာသားအဖြစ်ပြောင်းလဲနိုင်နေပြီဖြစ်တဲ့ AI ရဲ့ တိုးတက်လာမှု

AI ကို သီချင်းစာသားအဖြစ် ရေးခိုင်းချင်တဲ့အခါ အရင်တုန်းက ရေးခိုင်းတဲ့နေရာမှာ မပီပြင်ပေမယ့် ဒီနေ့မှာတော့​ MIT တက္ကသိုလ်မှ မှတ်ပုံတင်ထားတဲ့ လိုင်စင်စာသားကို သီချင်းအဖြစ်တောင် ပြောင်းလဲနိုင်နေပြီ ဖြစ်ပါတယ်။ Suno.ai company က ဘယ်စကားလုံးကိုမဆို သီချင်းစာသားအဖြစ် ပြောင်းလဲပေးနိုင်အောင် လုပ်ဆောင်နိုင်နေပါပြီ။ MIT license စာသားကို သီချင်းစာသားအဖြစ် ပြောင်းလဲပေးခဲ့တာကြောင့်AI community မှာ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။

MIT လိုင်စင် စာသားကို သီချင်းစာသားအဖြစ်ပြောင်းလဲနိုင်နေပြီဖြစ်တဲ့ AI ရဲ့ တိုးတက်လာမှု 1

MIT license ကို ၁၉၈၀ ခုနှစ် နောက်ပိုင်းမှာ စတင်ပြီး ဖန်တီးခဲ့တာဖြစ်ပြီး တစ်ကယ့် open source project မှာတော့ အသုံးပြုမှု နည်းပါးပါတယ်။ Suno ရဲ့ အဓိပ္ပါယ်က Hindi ဘာသာလို listen လို့အမည်ရပြီး Michael Shulman, George Kucsko, Martin Camacho နှင့် Keenan Freyberg တို့က ဖန်တီးခဲ့တာဖြစ်ပါတယ်။ သူတို့က Meta နှင့် TikTok တို့လို companies တွေမှာ အလုပ်လုပ်ခဲ့ဖူးတဲ့လူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ကောင်းမွန်တဲ့ ဂုဏ်သတင်းကြောင့် Microsoft က စိတ်ဝင်စားခဲ့ပြီး partner လုပ်ခဲ့ပါတယ်။ ယနေ့မှာတော့ version အနေနှင့် 3 အထိ ထွက်ရှိလာခဲ့ပြီး သီချင်းနှစ်ပုဒ်ကို သီချင်းအမျိုးအစားပေါင်းစုံနှင့် ထုတ်ပေးနိုင်ပြီ ဖြစ်ပါတယ်။ ဒီအကြောင်းအရာနှင့် ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

MIT လိုင်စင် စာသားကို သီချင်းစာသားအဖြစ်ပြောင်းလဲနိုင်နေပြီဖြစ်တဲ့ AI ရဲ့ တိုးတက်လာမှု 2

March လမှာ Brian Hiatt က Suno နှင့် ပတ်သက်ပြီး OpenAI ရဲ့ ChatGPT နှင့် ပူးပေါင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ သို့ပေမယ့် သီချင်းတွေရဲ့ လိုင်စင်နှင့် အနုပညာရှင်တွေရဲ့ ခွင့်ပြုချက်တွေနှင့် ပတ်သက်ပြီး မူပိုင်ခွင့်တွေကိုတော့ လိုက်နာခဲ့ခြင်းမရှိခဲ့ပါဘူး။ ယခုလိုအဖြစ်အပျက်ကြောင့် အနုပညာရှင်ပေါင်း ၂၀၀ ကျော်က လူတွေရဲ့ ဖန်တီးနိုင်စွမ်းနှင့် ရေးသားတဲ့သီချင်းစာသားတွေမှာ AI တွေမသုံးဖို့ ဆန္ဒပြုခဲ့ကြပါတယ်။ Suno အနေနှင့်လည်း ယခုလိုရလာတဲ့ AI generated စာသားတွေကို အကျိုးအမြတ်အတွက် သုံးစွဲခွင့်မပြုထားဘူးလို့ဆိုပါတယ်။ AI ဥပဒေနှင့် ပတ်သက်ပြီး တိကျပြတ်သားတဲ့ ဥပဒေလည်း မရှိသေးတာကြောင့် လက်ရှိမှာ ဒီကိစ္စတွေကို အဖြေပေးမယ့် နည်းလမ်းမရှိသေးပါဘူး။ ဒါ့အပြင် Suno က သီချင်းစာသားအပြင် သီချင်းအသံထွက်ပါ ဆိုခိုင်းလို့ရနေပါပြီ။

Exit mobile version