Web ပေါ်ရှိ လူတိုင်း အသုံးပြုနိုင်ဖို့ စီစဥ်နေတဲ့ Midjourney

Midjourney ဟာ လူတိုင်း အသုံးပြုနိုင်မယ့် Web Tools တစ်ခုကို ထည့်သွင်းပေးဖို့ စီစဥ်နေကြောင်း သိရပါတယ်။ Midjourney ရဲ့ CEO David Holtz ပြောပြမှုအရ Midjourney AI နဲ့ အလုပ်လုပ်မယ့် Web Tools ကို နောက်အပတ်ထဲတွင် အားလုံးအသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

Midjourney ရဲ့ Web Tools ကို အသုံးပြုပြီး ပုံတွေကို Retexture ပြုလုပ်နိုင်မှာ ဖြစ်သလို အရောင်များကိုလည်း ချိန်ညှိနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ Web Tools ဟာ AI နဲ့ အလုပ်လုပ်မှာ ဖြစ်တာကြောင့် ၎င်းနဲ့ ပြုပြင်ထားတဲ့ ပုံတွေကို AI နဲ့ ပြုပြင်ထားကြောင်း အမှတ်အသား ထည့်သွင်းရမှာ ဖြစ်ပါတယ်။ မထည့်သွင်းဘူး ဆိုရင် နောက်ပိုင်းမှာ Midjourney ဟာ Copyright ပြဿနာများနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ADVERTISEMENT
Exit mobile version