Skype ကို အပြီးပိုင် ဖျက်သိမ်းတော့မယ့် Microsoft

Video Call Service ဖြစ်တဲ့ Skype ကို ၈.၅ ဘီလီယံနဲ့ ဝယ်ယူပြီး ၁၄ နှစ် အကြာမှာ အပြီးပိုင် ဖျက်သိမ်းတော့မှာ ဖြစ်ကြောင်း Microsoft က တရားဝင် ကြေငြာလိုက်တာ ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာ ဥရောပ Developer တွေ ဖြစ်တဲ့ Zennström နဲ့ Janus Friis တို့ စတင်ခဲ့တဲ့ Skype ဟာ အင်တာနက််ပေါ်မှာ ပထမဦးဆုံးသော အပြန်အလှန် စကားပြောနိုင်တဲ့ Platform တစ်ခု ဖြစ်ခဲ့ပါတယ်။ Skype ရဲ့ စွန့်ဦးတီထွင်ကာ လမ်းဖောက်ပေးခဲ့မှုကြောင့် ယနေ့ခေတ်မှာ WhatsApp ၊ Telegram ၊ WeChat ၊ Zoom အစရှိတဲ့ ဆက်သွယ်ရေး Software များစွာ ထွက်ပေါ်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်သွယ်တဲ့အခါ များပြားလှတဲ့ ဖုန်းဘေကုန်ကျမှုကို လျော့ချပေးနိုင်ခဲ့တဲ့ Platform တစ်ခု ဆိုလည်း မမှားပါဘူး။

အဲလိုမျိုး စွန့်ဦးတီထွင်ခဲ့တဲ့ Skype ဟာ ၂၀၀၀ ခုနှစ်များမှာ အသုံးပြုသူများစွာနဲ့ အောင်မြင်ခဲ့သော်လည်း Covid-19 ကစလို့ WhatsApp ၊ Zoom အစရှိတဲ့ ဆက်သွယ်ရေး Platform များ ခေတ်စားလာတာကြောင့် အသုံးပြုသူများ တဖြည်းဖြည်း လျော့နည်းလာခဲ့ကာ အခုအချိန်မှာတော့ ဖျက်သိမ်းဖို့အထိ ဖြစ်လာခဲ့ပါတယ်။ Microsoft ရဲ့ ပြောပြမှုအရ လာမယ့် မေလမှာ Skype ကို အပြီးပိုင် ဖျက်သိမ်းတော့မှာ ဖြစ်ပြီး လစဥ်ကြေး ပေးဝယ်ထားသူများအနေနဲ့ Plan ကုန်ဆုံးသည် အထိ အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ Skype ကို ဖျက်သိမ်းတော့မှာ ဖြစ်တာကြောင့် Skype ရဲ့ အသုံးပြုသူများကို Skype ကဲ့သို့ အသုံးပြုနိုင်တဲ့ Microsoft Team ကို ပြောင်းလဲအသုံးပြုကြဖို့ Microsoft က တိုက်တွန်း ပြောကြားထားပါတယ်။

ADVERTISEMENT
Exit mobile version