Microsoft က ကလေးများရဲ့ ကိုယ်ရေးကိုယ်တာ ချိုးဖောက်သည့် FTC ရဲ့ စွဲချက်ကို ဖြေရှင်းရန် ဒေါ်လာ သန်း 20 ပေးဆောင်ရမည်

Microsoft က ကလေးများရဲ့ ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှုနှင့် ပတ်သက်တဲ့ Federal Trade Commission (FTC) မှ စွဲဆိုထားသော စွဲချက်များကို ဖြေရှင်းရန်အတွက် ဒေါ်လာ သန်း 20 ပေးဆောင်ရန် အတွက် သဘောတူညီခဲ့တယ်လို့ သိရှိရပါတယ်။ Microsoft က အုပ်ထိန်းသူ မိဘများရဲ့ ခွင့်ပြုချက် မရှိဘဲ ကုမ္ပဏီရဲ့ Xbox Gaming System အတွက် စာရင်းပေးသွင်းထားသော ကလေးများရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို တရားမဝင်စုဆောင်းထိန်းသိမ်းထားတယ်လို့ Federal Trade Commission (FTC) မှစွဲချက်တစ်ခုကို ထုတ်ပြန်ထားပါတယ်။

အဆိုပါ လုပ်ဆောင်ချက်များ က US Children’s Online Privacy Protection Act (COPPA) ဥပဒေကို ချိုးဖောက်ကြောင်းတွေ့ရှိရပြီး ၎င်းစွဲချက်ကို ဖြေရှင်းရန် Xbox Syatem ရဲ့ ကလေးအသုံးပြုသူများ အတွက် Privacy ကာကွယ်မှုကို တိုးမြှင့်ရန် Microsoft မှလုံခြုံရေး လုပ်ဆောင်ချက်များကို ပိုမိုလုပ်ဆောင်ရန်လို့အပ်တယ်လို့ FTC ကအမိန့်ချမှတ် ခဲ့ပါတယ်။

Microsoft က FTC ရဲ့ အမိန့်ကို လိုက်နာရန် ကတိကဝတ်ပြုထားပြီး ပိုမိုကောင်းမွန်သော အထောက်အထားများနဲ့ အသက်အရွယ် စီမံစစ်ဆေးမှုလုပ်ဆောင်ချက်များကို လုံခြုံစိတ်ချအောင် အဆင့်မြှင့်တင် မှုများထပ်မံပြုလုပ်မှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Exit mobile version