နာမည်ကြီး အလှကုန်အမှတ်တံဆိပ်ဖြစ်တဲ့ Maybelline ရဲ့ Beauty app ကို Microsoft Team ရဲ့ Onile Meeting တွေမှာ အသုံးပြုလို့ ရရှိနေပြီး ဖြစ်ကြောင်း Microsoft Company ကကြေညာခဲ့ပါတယ်။ Maybelline Beauty app မှာ မတူညီတဲ့ Virtual Makeup Filter Effect ၁၂ မျိုးပါရှိပြီး အဆိုပါ Effect များကို Maybelline ရဲ့အပြင်မှာ ရရှိနိုင်တဲ့ ထုတ်ကုန်များကို အသုံးပြု လိမ်းချယ်ထားတဲ့အတိုင်း သဘာ၀ကျကျ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Filter များကို Augmented Reality ကုမ္ပဏီတစ်ခုဖြစ်တဲ့ Modiface က ထုတ်လုပ်ထားတာဖြစ်ပါတယ်။
Modiface ကို Maybelline ရဲ့ မိခင်ကုမ္ပဏီ ဖြစ်တဲ့ L’Oreal က 2018 ခုနှစ်မှာ ဝယ်ယူခဲ့တယ်လို့ သိရှိရပါတယ်။ Maybelline New York ရဲ့ ဥက္ကဋ္ဌ Trisha Ayyagari ကတော့ ” အလုပ်များနေတဲ့ အချိန် Onile Meeting အတွက် ကလစ်တစ်ချက်နှိပ်ရုံနဲ့ မိတ်ကပ်လိမ်းလို့ရနေပါပြီး လို့ ပြောကြားထားပါတယ်။ အဆိုပါ Feature အသစ်ကို Microsoft Teams Enterprise ရဲ့ Setting မှာရှိတဲ့ Video Effects ကိုနှိပ်ပြီး အသုံးပြု ရမှာဖြစ်ပါတယ်။