Microsoft က Windows 11 မှာ Native RAR Support အတွက် Feature တစ်ခုကို မကြာခင်ထည့်သွင်းမယ်လို့ သိရှိရ

Microsoft က ၎င်းတို့ရဲ့ Developer’s Conference မှာ AI နဲ့ ပက်သက်တဲ့ ဆွေးနွေးမှုများအပြင် Windows 11 User များ အတွက် RAR Support Feature အသစ်တစ်ခုကို ပြုလုပ်နေတာဖြစ်ပြီး လာမယ့် Update မှာ ထည့်သွင်း သွားမယ်လို့ သိရှိရပါတယ်။ WinRAR လို Third-Party App များအသုံးပြုစရာမလို့တော့ဘဲ RAR ဖိုင်များကို ဖြည်လို့ ရတော့မှာဖြစ်ပါတယ်။

အဆိုပါ Feature အသစ်ကို Open-Source Multi-Format Libarchive ပရောဂျက်မှ ဦးဆောင်ပြုလုပ်နေတယ်လို့ သိရပါတယ်။ Window 11 အသုံးပြုသူများက RAR ဖိုင်များကို Third-Pary App များ အသုံးပြုစရာ မလိုတော့ဘဲ ဖြည်လို့ရတော့မှာဖြစ်ပါတယ်။ RAR ဖိုင်များ သာမက Tar, 7-zipဖိုင်များနဲ့ gz အစရှိတဲ့ Format များကိုပါ အလွယ်တကူ အသုံးပြုလို့ ရတော့မှာဖြစ်ပါတယ်။

Company က အဆိုပါ Feature အသစ် ကို ဘယ်နေ့ တရားဝင်စတင် မိတ်ဆက်မလဲဆိုတာ မဖော်ပြသေးပေမယ့် လာမယ့်ရက်ပိုင်း Update မှာ Bluetooth LE support နဲ့ တခြား Improvement များကို ထည့်သွင်းမှာဖြစ်လို့ အဆိုပါ Native RAR Support Feature အသစ်ပါ ထည့်သွင်းလာနိုင်တယ်လို့ သိရှိရပါတယ်။

ADVERTISEMENT
Exit mobile version