Microsoft ဟာ Quantum Supercomputer တီထွင်မှုမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီ

Microsoft ဟာ နှစ်ပေါင်းဆယ်နဲ့ချီကာ ပြုလုပ်နေတဲ့ Project တစ်ခုဖြစ်တဲ့ Quantum Supercomputer တီထွင်မှုမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ကြောင်း ကြေငြာလိုက်တာ ဖြစ်ပါတယ်။

Quantum Supercomputer ဆိုတာ ကျွန်တော်တို့ အခုမြင်တွေ့နေရတဲ့ သာမန်Computer တွေ မလုပ်နိုင်တဲ့ တွက်ချက်မှုတွေကို ပြုလုပ်ပေးနိုင်တဲ့ Supercomputer ဖြစ်ပါတယ်။ ဥပမာ – ရူပဗေဒ ကိစ္စရပ်တွေ၊ အာကာသနဲ့ ပတ်သက်တဲ့ ကိစ္စတွေလို နေရာတွေမှာ အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် သိပ္ပံပညာရှင်တွေကို အထောက်အကူပြုနိုင်မယ့် Computer ဖြစ်ပါတယ်။ Microsoft ရဲ့ အဆင့်မြင့် Quantum ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Krysta Svore က Quantum Supercomputer တီထွင်မှုနဲ့ ပတ်သက်ပြီး “၎င်းဟာ စက်မှုတော်လှန်ရေးကို ဖြစ်ပေါ်စေခဲ့တဲ့ သံမဏိ တီထွင်မှုနဲ့ ဆင်တူတယ်” လို့ ပြောပါတယ်။

Microsoft ဟာ AI နယ်ပယ်မှာ လုံလောက်တဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ ကုမ္ပဏီဖြစ်သလို Quantum Supercomputer တီထွင်ရာမှာလည်း ပထမဦးဆုံးသော မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြောနိုင်တဲ့ နည်းပညာကုမ္ပဏီကြီး ဖြစ်ပါတယ်။ Microsoft ရဲ့ ပြောပြမှုအရ Azure Quantum Elements လို့ခေါ်တဲ့ မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့တာဖြစ်ပြီး ဒါဟာလည်း AI ရဲ့ အကူအညီကြောင့် သုတေသန လုပ်ငန်းတွေကို အရှိန်မြှင့်တင်နိုင်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ Microsoft ရဲ့ CEO Satya Nadella က “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ လာမယ့်နှစ်ပေါင်း ၂၅၀ ရောက်မှ မြင်ရမယ့် ဓာတုဗေဒနှင့် ရုပ်ပိုင်းဆိုင်ရာသိပ္ပံရဲ့ တိုးတက်မှုကို လာမယ့် ၂၅ နှစ်အထိ ချုံ့ရန် ဖြစ်တယ်” လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

Quantum Supercomputer Project ဟာ ဆယ်စုနှစ်နဲ့ ချီကာ လုပ်ဆောင်ရမယ့် Project တစ်ခုဖြစ်သလို ဒီ Project ကို လုပ်ဆောင်နေတာ Microsoft ကုမ္ပဏီတစ်ခုတည်းမဟုတ်ပဲ အခြားနည်းပညာကုမ္ပဏီတွေဖြစ်တဲ့ IBM ၊ Google နဲ့ Amazon တို့လည်း လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ Quantum Supercomputer တီထွင်မှုမှာ Microsoft နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကတော့ Johnson Matthey ကဲ့သို့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များအပြင် အစိုးရအဖွဲ့အစည်းတွေဖြစ်တဲ့ Pentagon ရဲ့ အဆင့်မြင့် ကာကွယ်ရေး သုတေသန ပရောဂျက် အေဂျင်စီအဖွဲ့တွေလည်း ပါဝင်ကြောင်း Microsoft က ပြောပါတယ်။

Exit mobile version