Microsoft က AI သုံးထားတဲ့ Search Engine Bing ကို မိတ်ဆက်

Microsoft ဟာ ၎င်းတို့ရဲ့ Bing Search Engine ကို ChatGPT လုပ်ဆောင်မှု ပါဝင်ထည့်သွင်းလိုက်ကြောင်း တရားဝင်ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

CEO Satya Nadella က “ဒါဟာ Search အတွက် နေ့ရက်အသစ်ပါပဲ၊ Search ဟာ နှစ်တွေဆယ်နဲ့ချီကာ ပြောင်းလဲမှုတွေ မရှိခဲ့ပေမယ့် AI ၏ အကူအညီကြောင့် သမားရိုးကျနည်းလမ်းအတိုင်း သွားနေတဲ့ Search ဟာ ယခုဆို အချက်အလက်တွေကို ပိုမိုလျှင်မြန်စွာ ပေးနိုင်နေပြီး ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။ အရေးအကြီးဆုံးကတော့ Bing အတွက် ပရိတ်သတ်တွေအများကြီး လိုအပ်နေပါသေးတယ်လို့ CEO က ထည့်ပြောခဲ့ပါတယ်။

Microsoft’s Bing (by screenshot)

Bing ဟာ ChatGPT နောက်ဆုံး Vision ဖြစ်တဲ့ 3.5 ကို အသုံးပြုထားပေမယ့် 3.5 ထပ် ပိုပြီးကောင်းတဲ့ အဖြေတွေကို ထုတ်ပေးနိုင်တယ်လို့ Microsoft က ပြောပါတယ်။ Microsoft ၏ Bing ကို အခုကစပြီး bing.com မှာ ဝင်ပြီးတော့ အသုံးပြုနိုင်ပါပြီး။ Google ကလည်း သူတို့၏ Google Search တွင် Bard ကို မကြာတော့တဲ့ အချိန်မှာ ထည့်သွင်းတော့မှာ ဖြစ်လို့ Microsoft ရဲဲ့ Bing နဲ့ Google ရဲ့ Bard တို့ကြား အားပြိုင်တော့မှာ ဖြစ်တာကြောင့် AI နှစ်ခုရဲ့ အားပြိုင်မှုကို 2023 တွင် ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Exit mobile version