Microsoft ဟာ ပထမဦးဆုံး ၎င်းတို့ကိုယ်တိုင် ပြုလုပ်ထားတဲ့ Image Generating AI Model ဖြစ်တဲ့ MAI-Image-1 ကို စတင်မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။
Microsoft ရဲ့ ပြောပြမှုအရ MAI-Image-1 ဟာ သဘာဝ ဆန်တဲ့ ပုံတွေ၊ Lighting တွေနဲ့ ရှုခင်းပုံတွေကို ဖန်တီးနိုင်ဖို့ ရည်ရွယ်ကာ ဖန်တီးထားကြောင်း သိရပါတယ်။ MAI-Image-1 ကို LMArena နဲ့ လေ့ကျင့်ကာ စမ်းသပ်ထားပြီး Copilot နဲ့ Bing Image Creator တို့မှာ မကြာမှီ ထည့်သွင်းပေးဖို့ စီစဥ်ထားကြောင်းလည်း သိရပါတယ်။

လာမယ့် နွေရာသီအတွင်းမှာ Microsoft ဟာ OpenAI နဲ့ လက်တွဲဖြုတ်ကာ ၎င်းတို့ရဲ့ ပထမဦးဆုံးသော ကိုယ်တိုင်လေ့ကျင့်ထားတဲ့ Model (၂) ခု ဖြစ်တဲ့ MAI-Voice-1 နဲ့ MAI-1-preview တို့ကို မိတ်ဆက်ပေးသွားမှာ ဖြစ်ကြောင်းလည်း Microsoft က ပြောပါတယ်။ ဒါဟာ Microsoft ရဲ့ ၅ နှစ်စာ ရေးဆွဲထားတဲ့ ကြီးမားတဲ့ Roadmap ဖြစ်ပြီး အခုမှ အစပဲရှိသေးကြောင်း Microsoft ရဲ့ AI ဌာနခွဲခေါင်းဆောင် Mustafa Suleyman က ပြောကြားခဲ့ပါတယ်။