Microsoft Edge Browser မှာ Data ယိုစိမ့်မှုရှိနေ

Microsoft Edge Browser ဟာ လက်ရှိအချိန်မှာ Data ယိုစိမ့်မှုတွေရှိနေကြောင်း Reddit အသုံးပြုသူများက ပြီးခဲ့တဲ့အပတ်လောက်မှာ သတိပေးခဲ့တယ်လို့ သိရပါတယ်။

Reddit က Developer များရဲ့ တင်ပြမှုကြောင့် The Verge ကလည်း Software Engineer များနဲ့ စစ်ဆေးမှုပြုလုပ်ခဲ့ရာ မှန်ကန်ကြောင်း သိရပါတယ်။ Microsoft Edge ကိုအသုံးပြုနေတဲ့အချိန်မှာ ထည့်သွင်းလိုက်တဲ့ အချက်အလက်တွေအားလုံးဟာ Microsoft Bing ရဲ့ API ဆီကို ပေါက်ကြားနေတယ်လို့ The Verge က ဖော်ပြထားပြီး ဒါဟာ အကောင်အထည်ဖော်မှု အားနည်းနေလို့ဖြစ်ကြောင်း The Verge က ဝေဖန်ထားတာ တွေ့ရပါတယ်။

Microsoft ကလည်း အခုလို ဖြစ်ပွားနေတာမှန်ကန်ကြောင်း ဝန်ခံထားပြီး သူတို့ဘက်က အမြန်ဆုံးအဖြေရှာကာ ဖြေရှင်းပေးမှာဖြစ်ကြောင်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ Microsoft Edge ကို အသုံးမပြုတာ အကောင်းဆုံးဖြစ်ပြီး မဖြစ်မနေသုံးရမယ် ဆိုပါက Setting ထဲမှာ Follow Feature ကို ပိတ်ထားဖို့ အကြံပေးလိုက်ပါတယ်။

ADVERTISEMENT
Exit mobile version