Microsoft ဟာ Nvidia ၊ Nintendo တို့နဲ့ (၁၀)နှစ် အလုပ်တွဲလုပ်မည်

Call of Duty ကို Nintendo မှာ ကစားလို့ရပြီ

Microsoft ဟာ Call of Duty Game ပိုင်ရှင် Activision Blizzard ကို $69 billion နဲ့ ဝယ်ယူလိုက်တယ်ဆိုတာ ဥရောပသမဂ္ဂမှ တာဝန်ရှိသူများကို သက်သေပြဖို့ Nvidia နဲ့ Nintendo တို့ကို (၁၀)နှစ် အလုပ်တွဲလုပ်ရန် သဘောတူခဲ့တယ်လို့ သိရပါတယ်။

Activision ကို ဝယ်ယူတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အခြားသော ပြိုင်ဘက် Game ကုမ္ပဏီတွေအတွက် ထိခိုက်မှုများစွာ ရှိနေတာကြောင့် Microsoft ဥက္ကဌ Brad Smith ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက EU ရှိ ပြိုင်ဘက်များနဲ့ တံခါးပိတ် အစည်းအဝေး လုပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ Activision ကို အမှန်တကယ် ဝယ်ယူလိုက်တယ်ဆိုတာကို အတည်ပြုရန်အတွက် US နဲ့ UK ရှိ စည်းကမ်းထိန်းသိမ်းသူများရဲ့ စိစစ်မှု အောက်မှာပဲ ရှိနေသေးတာဖြစ်ပါတယ်။

Call of Duty War Zone 2.0 (from google)

ဒီလိုအခြေအနေမှာ Nvidia နဲ့ Nintendo ကို (၁၀)နှစ် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး စာချုပ်အရ လက်ရှိမှာ လူကြိုက်အများဆုံးဖြစ်နေတဲ့ Call of Duty ကို Nintendo Platform မှာ စတင်ကစားလို့ ရပြီးဆိုတာကိုပါ ကြေငြာခဲ့တာဖြစ်ပါတယ်။ ပြီးတော့ Xbox PC games တွေကိုလည်း ဒီ (၁၀)နှစ်အတွင်းမှာ Nvidia ရဲ့ cloud gaming service သို့ ကူးပြောင်းသွားမှာ ဖြစ်ပါတယ်။

အခုလို လုပ်ခြင်းကြောင့် Activision Blizzard ကို Microsoft က အမှန်တကယ်ဝယ်လိုက်ကြောင်း ထောက်ပြနေသလို တစ်ဖက်မှာလည်း Microsoft ကို Gaming လောကမှာ တတိယ အကြီးဆုံး Gaming ကုမ္ပဏီကြီး တစ်ခုအဖြစ် ရောက်သွားစေခဲ့ပါတယ်။ ပထမနဲ့ ဒုတိယ ကုမ္ပဏီကြီးတွေကတော့ Tencent နဲ့ Sony တို့ပဲ ဖြစ်ပါတယ်။

Exit mobile version