Microsoft Copilot ဆိုတာဘာလဲ။ Bing AI Chatbot ကိုဘယ်လိုအသုံးပြုရလဲ

Bing ဆိုတာကတော့ Window OS တွေမှာပါတဲ့ အင်တာနက် Browser တစ်ခုဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူတော်တော်များများက Google ကိုသာ အသုံးပြုကြပြီး Bing ကို အသုံးပြုတဲ့သူနည်းပါတယ်။ Artificial Intelligence ခေတ်မှာတော့ Bing က ပုံစံအသစ်တစ်မျိုးနဲ့ ပြန်လာခဲ့ပါပြီ။ Microsoft company ကတော့ Copilot ဆိုပြီး အမည်ပေးထားပါတယ်။ အခုဆိုရင်တော့ လူတွေရဲ့လက်ထဲမှာ အသုံးပြုစရာ AI Chatbot တွေများနေပါပြီ။ အဓိကအသုံးပြုမှုအများဆုံးကတော့ ChatGPT, Google Bard AI နှင့် အခုပြောပြမယ့် Microsoft ရဲ့ Copilot ပဲဖြစ်ပါတယ်။

Microsoft Copilot ဆိုတာဘာလဲ

Microsoft Copilot ဆိုတာဘာလဲ။ Bing AI Chatbot ကိုဘယ်လိုအသုံးပြုရလဲ 1

Copilot ဆိုတာက Microsoft ကထုတ်လုပ်ထားတဲ့ AI အမျိုးအစားဖြစ်ပြီး Microsoft service အတွင်းမှာ အသုံးပြုနိုင်တဲ့ AI ဖြစ်ပါတယ်။ အသုံးပြုရပုံက ChatGPT အသုံးပြုပုံနဲ့ အကုန်လုံးဆင်တူပြီး Office ပိုင်းအသုံးပြုသူတွေအတွက် ပိုသင့်တော်ပါတယ်။ Microsoft Company က အလုပ်ပိုင်းဆိုင်ရာ လုပ်ငန်းခွင်တွေမှာ အသုံးပြုတဲ့ Word, Excel နှင့် Powerpoint တို့လိုနေရာမှာ Copilot နဲ့တွဲပြီး အသုံးပြုတဲ့အခါ ပိုကောင်းမွန်တဲ့ result တွေ ရရှိနိုင်ပါတယ်။ Window OS ဖြစ်တဲ့ Window 10/11 တွေမှာ Copilot က ပါဝင်ပြီးသားဖြစ်ပါတယ်။ အသုံးပြုဖို့အတွက် Task Bar က အပြာရောင် logo လေးကို နှိပ်ပြီးအသုံးပြုရင် ရပါပြီ။

Microsoft Copilot ဆိုတာဘာလဲ။ Bing AI Chatbot ကိုဘယ်လိုအသုံးပြုရလဲ 2

Google service တွေပဲ အသုံးပြုရလို့ ပျင်းနေပြီဆိုရင်တော့ Bing ကိုလည်း စမ်းကြည့်ဖို့ အကြံပြုပါရစေ။ Bing မှာလည်း အရမ်းကောင်းမွန်တဲ့ AI နည်းပညာတွေထည့်သွင်းထားတာကြောင့် သင့်အလုပ်(သို့) သုတေသနအတွက် အသုံးပြုမယ်ဆိုရင်တော့ များစွာအကျိုးရှိမှာ ဖြစ်ပါတယ်။ ChatGPT အသုံးပြုသလိုပဲ Email ရေးခိုင်းတာမျိုးအပါအဝင် Powerpoint Presentation တွေကိုလည်း ကိုယ်ရေးချင်တဲ့အချက်အလက်ထည့်ရေးပြီး Copilot ကို ခိုင်းလို့ရပါတယ်။ သင့်မှာ Window Computer တစ်လုံးရှိတယ်ဆိုရင်တော့ Copilot ကို စမ်းကြည့်ဖို့ အကြံပြုပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ Basic Features တွေတော်တော်များများကို အခမဲ့အသုံးပြုနိုင်ပြီး Office ပိုင်းနှင့် တွဲလုပ်မယ့် အလုပ်တွေအတွက်တော့ လစဉ်ကြေးရှိမှာဖြစ်ပါတယ်။ လစဉ်ကြေးအနေနှင့် တစ်လကို ဒေါ်လာ ၃၀ နှင့်အထက် ရှိမှာ ဖြစ်ပါတယ်။

Exit mobile version