Microsoft က Windows 10 အတွက် ပံ့ပိုးမှုကာလကို ၂၀၂၅ အောက်တိုဘာ ၁၄ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပြီး User များအနေနဲ့ Windows 10 ကို နောက်ထပ်တစ်နှစ် အတွက် ဆက်လက်အသုံးပြုလိုပါက Extended Security Updates (ESU) ကို တစ်နှစ်စာ $30 ဖြင့်ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ်တစ်နှစ်အတွက် ESU Update မှာ အရေးကြီးသော လုံခြုံရေးပြုပြင်မှုများကို ဆက်လက်ရရှိနေမှာ ဖြစ်ပေမယ့် နည်းပညာပံ့ပိုးမှု၊ အမှားပြင်ဆင်မှုများနှင့် အသစ်အဆင့်မြှင့်တင်မှုများကို ထပ်မံရရှိတော့မည်မဟုတ်ကြောင်း Microsoft ရဲ့ အမှုဆောင်အရာရှိကြီး Yusuf Mehdi က သတိပေးထားတာ ဖြစ်ပါတယ်။
Windows 10 အတွက် စီးပွားရေးလုပ်ငန်းများအနေဖြင့် ESU ဝန်ဆောင်မှုကို ပထမ တစ်နှစ်မှာ $61 ကျသင့်မှာဖြစ်ပြီး၊ ဒုတိယနှစ်အတွက် $122 နှင့် တတိယနှစ်အတွက် $244 အထိ ကောက်ခံသွားမည် ဖြစ်ပါတယ်။ သာမန်အသုံးပြုသူများ အတွက်တော့ $30 ဖြင့် တစ်နှစ်သာ ဝယ်ယူခွင့်ရှိမှာ ဖြစ်ပါတယ်။ Microsoft ရဲ့ အမှုဆောင်အရာရှိကြီး Yusuf Mehdi ကတော့ အသုံးပြုသူများကို Windows 10 အတွက် ESU ဝယ်ယူခြင်းအစား Windows 11 သို့ ပြောင်းလဲအသုံးပြုရန် တိုက်တွန်းထားတာဖြစ်ပါတယ်။