Microsoft CEO, Satya Nadella ကိုယ်တိုင်ချီးမွမ်းလိုက်တဲ့ Rabbit R1 AI assistant

CES 2024 မှာ လူပြောအများဆုံးနှင့် အကောင်းဆုံး product တစ်ခုဖြစ်တဲ့ Rabbit R1 AI assistant ကို​ Steve Jobs ခေတ်က ပထမဆုံး iPhone ကိုစတင်မိတ်ဆက်ခဲ့သလို ပြောင်မြောက်တယ်လို့ Microsoft CEO ဖြစ်တဲ့ Satya Nadella က ပြောဆိုခဲ့ပါတယ်။

Rabbit R1 ဆိုတာဘာလဲ?

Rabbit R1 ဆိုတာက Touchscreen မျက်နှာပြင် ၂.၈၈ လက်မသာရှိတဲ့ device တစ်လုံးဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ processor ကတော့ Mediatek processor ဖြစ်ပြီး AI အကူအညီနဲ့ run တဲ့ စက်လေးတစ်လုံးဖြစ်ပါတယ်။ သီချင်းနားထောင်တာ၊ စာပို့တာ၊ အွန်လိုင်းမှတစ်ဆင့် စျေးဝယ်တာ စသဖြင့် ဖုန်းတစ်လုံးလုပ်နိုင်တာထက် လုပ်နိုင်ပါတယ်။ ဖုန်းတစ်လုံးမှာပါဝင်တဲ့ Apps တွေက ပုံစံမျိုးစုံပါဝင်ပြီး အသုံးပြုသူတွေအတွက် အသုံးပြုပုံ တစ်ခါတစ်လေ ရှုပ်ထွေးတက်ပါတယ်။ Rabbit R1 ကတော့ App free experience ရစေနိုင်ပြီး အသုံးပြုဖို့အတွက် Device ကို အသံနှင့် အသုံးပြုနိုင်ပါတယ်။ အရွယ်အစားလည်း သေးငယ်ပြီး AI နည်းပညာလည်း မြင့်တာကြောင့် သာမန် smart phone တစ်လုံးထက်တော့ အသုံးပြုရတာ ပိုရိုးရှင်းပါတယ်။ စျေးနှုန်းအားဖြင့် ဒေါ်လာ ၁၉၉ မှစတင်ပြီး ဝယ်ယူနိုင်ပါတယ်။

Rabbit R1 ကို ပထမဦးဆုံး hands_on ကိုင်ပြီး အသုံးပြုပုံ
Exit mobile version