Microsoft ရဲ့ Bing မှာ ကြော်ငြာတွေမြင်ရတော့မည်

Microsoft ရဲ့ Chatbot AI ဖြစ်တဲ့ Bing AI မှာ ကြော်ငြာတွေ ထည့်သွင်းရန် စီစဥ်နေပြီဖြစ်ကြောင်း ကုမ္ပဏီ၏ ဒုတိယဥက္ကဌ Yusuf Mehdi က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါကြောင့် နောက်ပိုင်းမှာ Bing AI ကို အသုံးပြုရင် ကြော်ငြာတွေကို တွေ့ရတော့မှာ ဖြစ်ပါတယ်။ Microsoft ရဲ့ ဆက်သွယ်ရေးဆိုင်ရာ ဒါရိုက်တာ Caitlin Roulston ရဲ့ ပြောပြမှုအရ chatbot ကို တစ်ခုခုရှာခိုင်းတိုင်းမှာ ကျွန်တော်တို့တွေ ကြော်ငြာကို ကြည့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ ကြော်ငြာကို ဘယ်လို ဘယ်ပုံ ထည့်ရမလဲဆိုတာ အဖြေရှာနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

အခု သိရသလောက်တော့ Microsoft ရဲ့ Bing မှာ ကြော်ငြာထည့်မယ်ဆိုတာ သေချာသလောက်ရှိနေပြီး ဘယ်နည်း ဘယ်ပုံနဲ့ ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Microsoft ပြောထားတာတော့ ကြော်ငြာတွေထည့်ဖို့ အဆင်သင့်ဖြစ်ပြီးဆိုရင် Bing AI ကို Update လုပ်ပေးမယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ ဒုဥက္ကဌ ကိုယ်တိုင် ပြောထားတာဖြစ်လို့ မကြာမှီမှာ အဆိုပါ Update ထွက်လာတော့မယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

Exit mobile version