Microsoft က Windows တွေအတွက် Copilot AI Tool တစ်ခုကို မိတ်ဆက်

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက Microsoft ဟာ Windows Copilot လို့ခေါ်တဲ့ Tool တစ်ခုကို Windows တွေမှာ အသုံးပြနိုင်ဖို့ မိတ်ဆက်ပေးခဲ့ပါတယ်။

Windows Copilot ဟာ AI နဲ့ဖန်တီးထားတဲ့ Tool တစ်ခုဖြစ်ပြီး Windows တွေထဲမှာ Search Engine လို (သို့မဟုတ်) AI Chatbot တစ်ခုလိုမျိုး အလုပ်လုပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီ Tool ဟာ Windows Version အဟောင်းတွေရော အသစ်မှာပါ အလုပ်လုပ်နိုင်မယ်လို့လည်း သိရပါတယ်။ Windows တွေရဲ့ Tast Bar မှာ Copilot Logo ဖြစ်တဲ့ အပြာရောင် ဖဲပြားပုံလေးကို နှိပ်ပြီး Windows Copilot ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

Windows Copilot ဟာ AI Chatbot ဖြစ်တာကြောင့် လုပ်ချင်တဲ့အရာကို Prompts လေးတွေရိုက်ထည့်ကာ ခိုင်းရမှာဖြစ်ပါတယ်။ ဥပမာ Dark Mode ကို ဖွင့်စေချင်ရင် “Enable Dark Mode” လို့ ရိုက်ထည့်လိုက် ရုံပဲဖြစ်ပါတယ်။ ဒီ Feature ကို ဇွန်လအတွင်းမှာ Microsoft က စတင်စမ်းသပ်အသုံးပြုစေမှာ ဖြစ်တယ်လို့ Microsoft ရဲ့ လူသုံးကုန်ပစ္စည်းများအတွက် ဈေးကွက်ရှာဖွေရေးမှူးဖြစ်သူ Yusuf Mehdi က ပြောပါတယ်။

Copilot ကို Windows အတွက် အကြီးဆုံး Canvas တစ်ခုဖြစ်အောင် ကျွန်တော်တို့ ယူဆောင်လာမှာဖြစ်တယ်လို့ CEO Satya Nadella က ပြောထားတာဖြစ်လို့ နောက်ပိုင်းမှာ Windows OS တွေဟာ AI Power နဲ့ အလုပ်လုပ်တဲ့ Windows OS အဖြင့် ပြောင်းလဲလာတော့မှာ ဖြစ်ပါတယ်။ Microsoft အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေက သူ့ရဲ့ AI ကို အဆင့်မြှင့်တင်နေသလို သူ့ရဲ့ ထုတ်ကုန်တွေမှာလည်း AI Power ကို ထည့်သွင်းမလို့ ကြိုးစားနေကြတာဖြစ်လို့ အနာဂတ်မှာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးဟာ AI နည်းပညာကို အသုံးပြုထားတဲ့ အရာတွေဖြစ်လာတော့မလားဆိုတာ စဥ်းစားစရာပဲ ဖြစ်ပါတယ်။

Exit mobile version