Passkey စနစ်နဲ့ လုံခြုံရေးအဆင့် မြှင့်တင်လိုက်တဲ့ Microsoft

Microsoft Account အသုံးပြုသူများရဲ့ လုံခြုံရေးအတွက် Passkey စနစ်ကို ထည့်သွင်းကာ အဆင့်မြှင့်တင်လိုက်ပြီ ဖြစ်ပါတယ်။ Microsoft ဟာ Passkey စနစ်ကို မနှစ်တုန်းက Windows 11 မှာ စတင် ထည့်သွင်းပေးခဲ့ပြီး အခုတော့ Microsoft Account မှာ ထည့်သွင်းပေးလိုက်ကြောင်း သိရပါတယ်။

Passkey စနစ်ဆိုတာ Account တစ်ခုကို Login ဝင်တဲ့ အခါတိုင်း Password ကို အကြိမ်ကြိမ် ရိုက်နေစရာမလိုပဲ အသုံးပြုသူရဲ့ ဖုန်းထဲရှိ လက်ဗွေ၊ Facescan ၊ Pin အစရှိတဲ့ ဖုန်းအတွင်း လုံခြုံရေးစနစ်ကို အသုံးပြုကာ Account ထဲ Login ဝင်စေတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ Passkey စနစ်ကို Google က စတင်အသုံးပြုခဲ့ပြီးနောက် နည်းပညာ ကုမ္ပဏီကြီးများမှာ သွင်သွင်ကျယ်ကျယ် ပြောင်းလဲအသုံးပြုလာတဲ့ လုံခြုံရေးစနစ် တစ်ခုလည်း ဖြစ်ပါတယ်။

Microsoft ရဲ့ ထုတ်ပြန်ချက်အရ Windows၊ Android နဲ့ iOS အသုံးပြုသူ အားလုံးအတွက် Passkey စနစ်ကို ထည့်သွင်းပေးလိုက်တာ ဖြစ်ကြောင်း သိရပါတယ်။ Microsoft ဟာ ၎င်းတို့ရဲ့ လုံခြုံရေးစနစ်ကို ၂၀၁၅ ခုနှစ်မှာ Windows Hello Authentication ၊ ၂၀၁၈ ခုနှစ်မှာ FIDO Security Key ၊ ၂၀၂၁ ခုနှစ်မှာ Fully Passwordless Option ဆိုပြီး တစ်ဆင့်ပြီး တစ်ဆင့် မြှင့်တင်လာခဲ့ကာ အခု ၂၀၂၄ ခုနှစ်မှာတော့ Passkey စနစ်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Exit mobile version