Microsoft နှင့် AI Rebranding

Microsoft က AI ကို အသစ်တဖန် ပြန်လည်ဆန်းသစ်ဖို့ ကြိုးစားနေပါတယ်။ Bing Chat အနေနှင့် စခဲ့တဲ့ AI ကို ယနေ့မှာတော့ လူအများစုက “Copilot” ဆိုပြီးသိလာကြပါပြီ။ လူသိရှင်ကြား မချပြပေမယ့် အမှန်တကယ် လက်တွေ့မှာတော့ AI project အသစ်တွေကို စလုပ်နေပြီလို့လည်း သိရပါတယ်။ ChatGPT ကဲ့သို့ AI platform မှာ “Copilot” ကိုပဲ လူအများစု သုံးနိုင်အောင် ကြိုးစားနေပါတယ်။

Microsoft ရဲ့ rebranding လုပ်ခဲ့တဲ့ ခရီးလမ်း

Microsoft နှင့် AI Rebranding 1

Rebranding လုပ်ခဲ့တဲ့ ခရီးလမ်းတစ်လျှောက်ကတော့ AI နှင့် မသက်ဆိုင်ပါဘူး။ ၂၀၀၀ ခုနှစ်တွေတုန်းက “Window7” ဖုန်းတွေ ထွက်ရှိခဲ့ပါတယ်။ စမတ်ဖုန်းလောကမှာ ကျရှုံးခဲ့တဲ့ ဖုန်း series တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ နာမည်ကြောင့်လူတွေ ဖုန်းနှင့် ကွန်ပျူတာကို မခွဲခြားနိုင်အောင် ဖြစ်ခဲ့ပါတယ်။ Rebranding လုပ်ခဲ့တဲ့အခါမှာလည်း နာမည်ကိုပါ ပြောင်းလဲလိုက်ပေမယ့် ရှိပြီးသားနာမည်တွေနှင့် လူတွေရဲ့ အတွေးမှာ ရှုပ်ထွေးမှု​တွေ ဖြစ်ခဲ့ပါတယ်။ ဥပမာ “Window Store” ကို “Microsoft Store” လို့ပြောင်းလဲခဲ့တာကြောင့် အသုံးပြုသူတွေအနေနှင့် ရှုပ်ထွေးမှုတွေဖြစ်ခဲ့ပါတယ်။ “Xbox Elite Controller” ကိုလည်း “Xbox Elite Wireless Controller Series 2” ဆိုပြီး ပြောင်းလဲခဲ့ခြင်းကလည်း လူတွေကြားမှာ ပြောစရာတွေဖြစ်ခဲ့ပါတယ်။

ပထမဦးဆုံး rebrand လုပ်ခဲ့တာကတော့ ၂၀၀၆ ခုနှစ်က Window XP ကို Window Vista ဆိုပြီး နာမည်ပြောင်းပြီး မိတ်ဆက်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ Touchscreen devices တွေမှာ Window OS ကို အသုံးပြုနိုင်အောင် ဖြစ်ပါတယ်။ Features အသစ်တွေနှင့် မိတ်ဆက်ခဲ့တဲ့ ​Window Vista ကို ကြိုက်တဲ့လူတွေများခဲ့သလို မကြိုက်တဲ့ reviews တွေလည်း အများကြီးရခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က မိတ်ဆက်ခဲ့တဲ့ Internet Explorer ကတော့ Browser သမိုင်းမှာ ယနေ့အချိန်ထိ ဟာသ တစ်ခုအဖြစ်ကျန်နေခဲ့ပါတယ်။ Mozilla နှင့် Google Chrome တို့ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် Internet Explorer ကို လုံး၀ စွန့်လွှတ်ပြီး “Edge” ဆိုပြီး Browser အသစ်တစ်ခုနှင့် ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

Microsoft နှင့် AI Rebranding 2

Microsft က လူတွေရဲ့နေ့စဉ်ဘ၀မှာ မဖြစ်မနေလိုအပ်တဲ့ company တစ်ခုလည်းဖြစ်ပါတယ်။ Office အလုပ်နှင့် cloud servers တွေကို အသုံးပြုတဲ့အခါ Microsoft ကလည်း မရှိမဖြစ် နေရာတစ်ခုအနေနှင့် ရပ်တည်နေပါတယ်။ AI နယ်ပယ်အတွက် Microsoft ကလည်း ရင်းနှီးမြှုပ်နှံမှု အများကြီးလုပ်နေပါတယ်။ Microsoft ရဲ့ Azure computer cloud service ကို AI အတွက် backbone ပုံစံတည်ဆောက်ထားပြီး အခြား tech companies တွေနှင့် လက်တွဲလုပ်နိုင်အောင် ကြိုးစားနေပါတယ်။ အလုပ်ကိစ္စနှင့် ပတ်သက်ရင် Microsoft ရဲ့ Office Suite ကို လူတွေအားထားရသလို AI နှင့် ပတ်သက်လာရင်လည်း Microsoft service ကိုလူတွေအားထားလို့ရအောင် ကြိုးစားနေပါတယ်။ တစ်ကယ့်လက်တွေ့မှာ ဖြစ်လာမဖြစ်လာဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်။ ChatGPT နှင့် Gemini ကတော့ AI နှင့် ပတ်သက်လာရင် လူတွေလက်ရှိ အားထားနေရတဲ့ Major Players တွေ ဖြစ်နေပါတယ်။

Exit mobile version