Meta က Trump ၏ Facebook Account ကို ပြန်လည်အသုံးပြုခွင့်ပေး

Donald Trump ပြန်လာပြီး

လွန်ခဲ့တဲ့ (၂)နှစ်တုန်းက နိုင်ငံရေးနှင့် ပတ်သက်ပြီး Ban ခံလိုက်ရတဲ့ အမေရိကန် သမ္မတဟောင်း Donald Trump ၏ Facebook နှင့် Instagram အကောင့်တွေကို Meta မှ ပြန်လည် အသုံးပြုခွင့် ပေးလိုက်ပြီးဖြစ်ကြောင်း သိရပါတယ်။

Meta ဟာ လွန်ခဲ့တဲ့ (၂) နှစ်က Trump ရဲ့ Facebook နှင့် Instagram အကောင့်တွေကို Capitol အား တိုက်ခိုက်မှုကြောင့် Ban ခဲ့တယ်လို့သိရပါတယ်။ Meta ၏ CEO Mark Zuckerberg က Trump ဟာ အကြမ်းဖက်နှိုးဆော်ခြင်းနှင့် ဆူပူအကြမ်းဖက်သူများ၏ လုပ်ရပ်များကို ချီးကျူးခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ Meta ဟာ ပထမဦးဆုံးသော သမ္မတ Trump ကို Ban ခဲ့တဲ့ Social Platform တစ်ခုဆိုလည်း မမှားပါဘူး။ သမ္မတ Trump ဟာ သူ၏ အကောင့်တွေကို Ban ခံလိုက်ရပြီးနောက် ကိုယ်ပိုင် Social Platform ဖြစ်တဲ့ Truth Social ကို တည်ထောင်ခဲ့ပါတယ်။

Donald Trump ပုံ (from google)

Meta ၏ Board အဖွဲ့ကတော့ သမ္မတဟောင်း Trump ကို ယခုလို လူသိရှင်ကြား Ban တာဟာ မသင့်တော်ကြောင်းနှင့် အများပြည်သူကို ထိခိုက်စေတဲ့ အပြောအဆိုများနှင့် ပတ်သက်ပြီး Meta ဘက်မှ စည်းမျဥ်းအသစ်များ ရေးဆွဲသင့်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Trump ၏ 2024 ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့မှ ဒီလအစောပိုင်းမှာ Trump ရဲ့ အကောင့်တွေကို ပြန်လည် အသုံးပြုခွင့်ပေးရန် အသနားခံစာလည်း တင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ Truth Social Platform တွင် Follower ၄.၅ သန်းကျော်ရှိတယ်လို့ သိရပါတယ်။ Meta မှ Ban ခြင်း မခံရမှီ သမ္မတဟောင်း Trumpရဲ့ Facebook အကောင့်မှာ Follower ၃၄ သန်း ရှိခဲ့ပြီး Twitter မှာတော့ သန်း ၉၀ ရှိခဲ့တယ်လို့ သိရပါတယ်။ သမ္မတဟောင်း Trump ၏ အကြိုက်ဆုံးဖြစ်တဲ့ Twitter ကတော့ လွန်ခဲ့တဲ့ ဒီဇင်ဘာလ ကတည်းက ပြန်လည်အသုံးပြုခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။

Exit mobile version