Meta က Threads ရဲ့ Web Version ကို မကြာခင် ထုတ်လုပ်ဖြန့်ချီတော့မည်

Meta ဟာ မကြာသေးခင်က မှ ထွက်ပေါ်လာတဲ့ ၎င်းတို့ရဲ့ Threads App ကို Web Version အနေဖြင့် ဒီအပတ်ထဲ မှာ ထုတ်လွှင့်ရန် စီစဉ်နေတယ်လို့ သိရှိရပါတယ်။ Threads App ကို Instagram နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပြီး ဓာတ်ပုံများ၊ ဗီဒီယိုများနဲ့ စာသားများကို မျှဝေနိုင်တဲ့ Social Media Platform တစ်ခုဖြစ်ပါတယ်။

Threads ရဲ့ Web Version ကို Mobile App ကအတိုင်း တူညီတဲ့အင်္ဂါရပ်များပါရှိလာမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ Threads Moblie App ကိုစတင်ထုတ်လွှင့်တဲ့ အချိန်မှာ အဆိုပါအက်ပ်ကို ဒေါင်းလုဒ်လုပ်ကြတဲ့ User များ ၁၀ သန်းကျော် ရရှိခဲ့သော်လဲ တစ်ဖြည်းဖြည်းနဲ့ အသုံးပြုသူများက Threads အပေါ် စိတ်ဝင်စားမှု လျှော့နည်းလာပြီး သုံးစွဲသူတိုးတက်မှု ကျဆင်းလာတာတွေ့ရပါတယ်။ Company က Threads ရဲ့ Web Version ကို ထုတ်လုပ်လိုက်ခြင်းဖြင့် User များ Threads အပေါ်စိတ်ဝင်စားမှုအရင်ကထက်ပိုမို တိုးတက်လာမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Meta က Threads ရဲ့ Web Version ကို မကြာခင် ထုတ်လုပ်ဖြန့်ချီတော့မည်

ဝဘ်ဗားရှင်းအပြင် Meta က Threads ပေါ်မှာ Mention Button နဲ့ Search Functionality ဆိုပြီး Tool နှစ်ခုထည့် ရန်စီစဉ်နေတယ်လို့ သိရှိရပါတယ်။ အဆိုပါ Mention Button ဟာ Facebook Tag Button လိုမျိုး User များက မိမိတို့ရဲ့ Post မှာ Friend များကို Tag တွဲပြီး တင်လို့ ရမှာဖြစ်ပါတယ်။ Threads ရဲ့ Web Version မှာ ဘယ်လို Function တွေ၊ Mobile Version နဲ့ မတူညီတဲ့ ဘယ်လို Feature တွေပါဝင်လာမလဲ ဆိုတာကိုတော့ စိတ်ဝင်စားစွာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Exit mobile version