Meta က Android အတွက် ၎င်းတို့ရဲ့ Messenger Lite app ကို စက်တင်ဘာ 18 ရက်၊ 2023 ခုနှစ်မှာ တရားဝင်ရပ်ဆိုင်းတော့ မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ 2016 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ အဆိုပါ App က စွမ်းဆောင်ရည်နည်းတဲ့ Device များကို အသုံးပြုနေတဲ့ သူများအတွက် ပိုမိုပေါ့ပါးစွာ အသုံးပြုလို့ ရနိုင်မယ့် Facebook Massager ရဲ့ Version တစ်ခုအနေနဲ့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။
ဘလော့ဂ်ပို့စ်တစ်ခုမှာ Meta က Messenger Lite ကို ပိတ်သိမ်းမို့အတွက် သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ Messenger Lite ကို တစ်နှစ်ထက်တစ်နှစ် အသုံးပြုသူဦးရေ ကျဆင်းလာတာရယ်၊ ယနေ့ခေတ် Android Phone တော်တော်များများမှာ Powerful Processor များပါလာတာဖြစ်လို့ အဆိုပါ App ကို ဆက်လက်ထောက်ပံ့မို့အတွက် မလိုအပ်တော့တာဖြစ်ပြီ ပိတ်သိမ်းတော့မှာ ဖြစ်ကြောင်း Meta ကပြောကြားခဲ့ပါတယ်။

Messenger Lite app ကိုအသုံးပြုနေသူများက စက်တင်ဘာ 18 ရက်နေ့ထိနောက်ဆုံးထားပြီး Main Messenger App ကို ပြောင်းရွှေ့အသုံးပြုကြမို့ပြောကြားခဲ့ပါတယ်။ 2021 ခုနှစ်လောက်တုန်း က Meta က ၎င်းတို့ရဲ့ Facebook Messenger နဲ့ WhatsApp app နှစ်ခုကို ပေါင်းစည်းမှာဖြစ်တယ်လို့ ကြေညာချက်တစ်ခုကို Company က ထုတ်ပြန်ထားပါသေးတယ်။ အဆိုပါ ပေါင်းစည်းမှုကို ခုချိန်ထိလုပ်ဆောင်ဆဲ ဖြစ်ပြီး ဘယ်အချိန်မှာ တရားဝင်ရရှိမလဲဆိုတာကိုတော့ ခုချိန်ထိမသိရသေးတာဖြစ်ပါတယ်။