Instagram Reels Video ဖန်တီးသူတွေအတွက် Monetization Feature မကြာမှီ ရရှိမည်

Video Monetization Feature တွေက Facebook Platform ပေါ်မှာဘဲ ယခင်က ရရှိခဲ့ပေမယ့် Instagram မှာလည်း Monetization Feature ကို Meta က စမ်းသပ်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

Video View အပေါ်အခြေခံပြီး Video Content Creator တွေကို ပိုက်ဆံပေးသွားမှာဖြစ်ပြီး အဆိုပါ အစီအစဉ်ကိုတော့ Ads on Reels လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။ Overlay Ads ၊ Post-Loop Ads တွေကို Instagram Reels Video မှာ ထည့်သွင်းသွားမှာဖြစ်ပြီး လက်ရှိမှာတော့ US based Creators တွေကိုဘဲ စမ်းသပ်လို့ရအုံးမှာပါ။

Content Creator တွေအတွက် Short-Form Monetization Tools တွေဖန်တီးဖို့က Meta ရဲ့ ၂၀၂၃ ခုနှစ်အရေးကြီးလုပ်ဆောင်ချက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။

Exit mobile version