Threads မှာ Monetization ထည့်ဖို့ စမ်းသပ်နေတဲ့ Meta

Threads မှာ Monetization ထည့်သွင်းဖို့ စမ်းသပ်နေပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့တုန်းက Meta ရဲ့ ပြောပြမှုအရ သိရပါတယ်။

Meta ရဲ့ ထုတ်ပြန်ချက်အရ US နဲ့ ဂျပန်တို့မှာ Monetization ကို စတင် စမ်းသပ်နေကြောင်းနဲ့ အသုံးပြုသူ တချို့ကလည်း Ads များကို မြင်တွေ့ရကြောင်း Social Media တွေ ပေါ်မှာပိုစ့်တင်ခဲ့ကြပါတယ်။ Meta ဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ X ရဲ့ ပြိုင်ဘက်အဖြစ် Threads ကို စတင်မိတ်ဆက်ပေးခဲ့ပြီး အခုဆိုရင် လစဥ် အသုံးပြုသူ သန်း ၃၀၀ ကျော်အထိ ရရှိနေပြီ ဖြစ်ပါတယ်။ Meta ရဲ့ လက်ရှိထုတ်ပြန်ချက်အရ Threads အသုံးပြုသူ ၄ဦးမှာ ၃ဦးဟာ စီးပွားရေးလုပ်ငန်း တစ်ခုခုကို Follow လုပ်ထားတာကြောင့် Monetization ထည့်လိုက်ရင် ရရှိမယ့် ဝင်ငွေဟာ X ထပ် ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

Monetization နဲ့ ပတ်သက်တဲ့ စည်းကမ်းချက်များကတော့ Facebook မှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များအတိုင်း ဖြစ်လိမ့်မယ်လို့ Meta ဆိုပါတယ်။ Threads အတွက် Monetization ဟာ လက်ရှိမှာ စမ်းသပ်ဆဲ ကာလဖြစ်ပြီး ဘယ်အချိန်မှာ တရားဝင် ထည့်သွင်းပေးမလဲ ဆိုတာကိုတော့ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ADVERTISEMENT
Exit mobile version