Meta Performance Bonus က (Withholding Tax) အခွန်ဆောင်ရမည်

Meta Performance Bonus ကို မတ်လ အလယ်ထဲက အာရှနိုင်ငံအချို့ကို စတင်မိတ်ဆက်လာတာဖြစ်ပြီး Performance Bonus တွေက Withholding Tax ဆောင်ရမှာ ဖြစ်ပါတယ်။

Withholding Tax ဆိုတာ ဘာလဲ?

Withholding Tax ဆိုတာ အသားတင်ပိုင်ဆိုင်မှုအပေါ် အခွန်ဆောင်ရတဲ့ အခွန်အမျိုးအစားဖြစ်ပါတယ်။ သူတစ်ပါးဆီက ငွေကြေးလက်ဆောင်ရတာတွေ၊ ကုမ္ပဏီတွေအပေါ်က Bonus ရတာတွေ အကုန်လုံးက Withholding Tax ကို ဆောင်ရမယ့် တာဝန်ရှိပါတယ်။

Meta Performance Bonus ဆိုတာကလည်း Bonus အမျိုးအစားဖြစ်တာကြောင့် Withholding Tax ဆောင်ရမယ့် အမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် Meta က Performance Bonus ကို ပေးတဲ့အခါ Final Payment မှာ Withholding Tax နှုတ်ပြီးတော့မှ ပေးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် Withholding Tax ဘယ်လောက်နှုတ်သွားလဲဆိုတာဘဲ ပြပြီး ဘယ်လောက် ရာခိုင်နှုန်း ဘယ်လိုနှုတ်လဲဆိုတာကိုတော့ တိတိလင်းလင်း ကြေငြာထားခြင်း မရှိပါဘူး။ MonetizeMyanmar ရဲ့ Tax အတွေ့အကြုံ အရဆိုရင်တော့ Meta ဘက်ကနှုတ်တဲ့ Withholding Tax ဆိုတာ US Region ဘက်မှာ Active ဖြစ်ပြီး ရလာတဲ့ Performance Bonus ပမာဏအပေါ်မှာဘဲ နှုတ်သွားတာ ဖြစ်လို့ ယူဆပါတယ်။

ဆိုလိုတာက Performance Bonus ရသမျှအားလုံးပေါ်မှာ နှုတ်တာ မဟုတ်ပါဘူး။ US Region ဘက်က ရလာတဲ့ စုစုပေါင်း Performance Bonus အပေါ်မှာဘဲ နှုတ်သွားတာဖြစ်ပြီး အခြား Region ဘက်ကဝင်တဲ့ Bonus အပေါ်မှာ Withholding Tax ကို နှုတ်ယူမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံသားတစ်ဦးချင်းဆီဟာ မိမိတို့နိုင်ငံရဲ့ ဥပဒေအပေါ်မူတည်ပြီး ဝင်ငွေအပေါ်မှာ ဆောင်ရမယ့် အခွန်တာဝန်တွေ၊ အခွန်ဥပဒေတွေ ကိုယ်စီရှိလို့ဘဲ ဖြစ်ပါတယ်။

Meta က US Company ဖြစ်တာကြောင့် US Region အပေါ်မှာ ဝင်တဲ့ Performance Bonus ကိုသာ Withholding Tax တင်ပြဖို့ တာဝန်ရှိတာဖြစ်ပါတယ်။ ဒါဆိုရင်တော့ Performance Bonus ရဲ့ Withholding Tax အကြောင်းကို သဘောပေါက်ကြပြီလို့ ထင်ပါတယ်။

Exit mobile version