Meta က AI အတွက် Custom AI Chip တစ်ခုကိုထုတ်ဖော်ပြသ

နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Meta က AI မော်ဒယ်များအတွက် အထူးထုတ်လုပ်ထားတဲ့ MTIA (Meta Training and Inference Accelerator) ဟုခေါ်တဲ့ Custom AI Chip တစ်ခုကိုလုပ်ဆောင်နေတယ်လို့ Company က ထုတ်ပြန်ကြေညာထားပါတယ်။ အဆိုပါ AI Chip က သာမာန် CPU များထက် ပိုမိုကောင်းမွန်သော အတွက်အချက်နဲ့ စွမ်းဆောင်ရည်များကို ပေးစွမ်းနိုင်မယ်လို့လဲ သိရှိရပါတယ်။ MTIA Chip ကို GPU များနဲ့ ပေါင်းစပ်ခြင်း ဖြင့် ၎င်းတို့ရဲ့ AI လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်အောင်ထောက်ပံ့ ပေးမှာဖြစ်ပြီး Latency ကိုလဲလျော့ချပေးမှာ ဖြစ်ပြီး စွမ်းဆောင်ရည် ပိိုမိုတိုးတက်ကောင်းမွန်လာမှာဖြစ်တယ်လို့ Meta က ပြောကြားထားပါတယ်။အဆိုပါ Custom AI Chip စမ်းသပ်ထုတ်လုပ်နေဆဲဖြစ်တာမို့ 2025 လောက်မှ တရားဝင်အသုံးပြုနိုင်မှာဖြစ်တယ်လို့ သတင်းမျာအရသိရှိရပါတယ်။

Image: Meta

MTIA အပြင် Meta က Video Transcoding အတွက် MSVP (Meta Scalable Video Processor) လို့ခေါ်တဲ့ Chip တစ်ခုကိုလဲမိတ်ဆက်ခဲ့ပါသေးတယ်။ ၎င်း Chip က Video-On-Demand (VOD) အတွက် အရည်အသွေးမြင့် Transcodig များကို အချိန်တိုအတွင်း ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်စေရန် ဒီဇိုင်းထုတ်ထားတယ်လို့ သိရှိရပါတယ်။ Meta က AI အတွက် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားတဲ့ Data Center Design အသစ်ကိုလဲလုပ်ဆောင်နေတာဖြစ်ပါတယ်။ အနာဂတ်မှာတော့ MTIA Custom AI Chip ကို အသုံးပြုထားတဲ့ AI Super Computer တွေအများအပြားထုတ်လုပ်လာနိင်မယ်လို့ လဲ မျှော်လင့်မိပါတယ်။

Exit mobile version