Meta Connect 2024 မှာပြသခဲ့တဲ့ Meta ရဲ့ Orion Glasses နဲ့ Ray-Ban Meta AI Update

Meta Connect 2024 မှာ Mark Zuckerberg က Developer တွေကို အဓိကထားပြီး Meta ရဲ့ တိုးတက်လာတဲ့ hardware နဲ့ software နည်းပညာတွေကို ပြသလိုက်တာဖြစ်ပါတယ်။ AI နဲ့ Metaverse နယ်ပယ်ကို ပိုပြီးကောင်းမွန်အောင်လုပ်ဖို့ Meta ရဲ့ ကြိုးစားမှုတွေထဲမှာ Quest Headsets အသစ်တွေ၊ Llama AI Model Update နဲ့ AR Glasses prototype ပုံစံအသစ်တွေပါ ပါဝင်လာတာဖြစ်ပါတယ်။

Meta ရဲ့ Orion Glasses

ဒီပွဲရဲ့ မင်းသားကြီး ကတော့ Meta ရဲ့ Future Vision လို့ခေါ်ရလောက်တဲ့ Orion AR Glasses ဖြစ်ပါတယ်။ Event မှာ Mark Zuckerberg ကိုယ်တိုင်တင်ပြခဲ့တဲ့ Orion Glasses ကပေါ့ပေါ့ပါးပါးနဲ့ AR Vision ကို စမတ်ကျကျ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ AR Glasses ကို Neural Interface ဆိုတဲ့ နည်းပညာနဲ့ပေါင်းစပ်ထားပြီး Nvidia ရဲ့ CEO Jensen Huang ကိုယ်တိုင်လဲ စမ်းသပ်ထားကြောင်း သိရပါတယ်။

Meta ရဲ့ Ray-Ban Meta AI Update

Meta Connect 2024 event မှာ Ray-Ban Meta Sunglasses ရဲ့ Update လဲပါဝင်လာတာ ဖြစ်ပြီး Real-Time ရှေ့မှာ မြင်ရတဲ့ အရာတွေကို ဘယ်ဟာက ဘာဖြစ်တယ်ဆိုပြီး AI powered နဲ့ မေးလို့ရတော့မှာ ဖြစ်ပါတယ်။ Sunglasses မှာ Reminder Feature, Live Translation တို့ပါဝင်လာပြီး English To French, Italian နဲ့ Spanish တို့ပါဝင်လာမှာ ဖြစ်ပါတယ်။

Exit mobile version