Meta CEO ဖြစ်တဲ့ Mark Zuckerberg ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများ

Mark Zuckerberg က မိုးလင်းတာနဲ့ လေ့ကျင့်ခန်းလုပ်ဖို့အတွက် အချိန်ပေးပါတယ်။ တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်လောက် လေ့ကျင့်ခန်းလုပ်ပါတယ်။ များသောအားဖြင့် အပြေးလေ့ကျင့်ခန်းဖြစ်ပါတယ်။ အခုချိန်မှာတော့ ပြေးတာကို ခဏနားထားပြီး MMA ကို လေ့ကျင့်နေပါတယ်။

“ကျွန်တော် အရင်တုန်းက တော်တော်ပြေးပါတယ်။ ပြေးတာက သင့်ကို အများကြီးတွေးခေါ်မှုတွေ ပေးနိုင်ပါတယ်။” ဆိုပြီး Zuckerberg က Rogan ကို မနှစ်က ပြောကြားခဲ့ပါတယ်။ Rogan ဆိုတာကတော့ MMA ပွဲတွေမှာ Host လုပ်ပြီး Podcast လုပ်တဲ့ နာမည်ကြီး influencer တစ်ယောက်ဖြစ်ပါတယ်။

Meta CEO ဖြစ်တဲ့ Mark Zuckerberg ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများ 1

“ကိုယ်ရော စိတ်ရော နှစ်ပြီးအာရုံစိုက်ရတဲ့ အလုပ်က ဘာဖြစ်မယ်ထင်လဲ။ MMA က အကောင်းဆုံးပါပဲ၊ ဘာလို့လဲဆိုတော့ တစ်စက္ကန့် မှားတာနဲ့ သင်ကိုယ်တိုင် အောက်ရောက်သွားနိုင်လို့ပါပဲ။” Zuckerberg က ပြောကြားခဲ့ပါတယ်။ တစ်နေ့တာ မနက်စာကိုတော့ Zuckerberg ဘာစားလဲဆိုတာတော့ မသိရပါဘူး။ ဒါပေမယ့် တစ်နေ့ကို ကယ်လိုရီ ၄၀၀၀ အနည်းဆုံးစားသုံးတယ်လို့တော့ သိရပါတယ်။ Zuckerberg ရဲ့ အဝတ်အစားကလည်း အများကြီးစဉ်းစားစရာမလိုပါဘူး။ မီးခိုးရောင်အင်္ကျီ၊ jeans နှင့် sneakers သာ ဝတ်ဆင်ပါတယ်။ ၂၀၁၄ခုနှစ်တုန်းက ဒီအကြောင်းအရာနှင့် ပတ်သတ်ပြီး သတင်းထောက်တွေမေးကြတော့ သူက အခုလို ပြောကြားခဲ့ပါတယ်။ “ကျွန်တော့်ဘ၀ကို ရိုးရိုးရှင်းရှင်းပဲ နေထိုင်ချင်တယ်။ အရေးမကြီးတဲ့အရာတွေအတွက် ဦးနှောက်ကို အသုံးမချချင်တာကြောင့် အခုလိုပဲ နေ့စဉ်ဝတ်စားဖြစ်တာပါ” ဆို​ပြီးပြောကြားခဲ့ပါတယ်။

“ကျွန်တော် လူတွေနှင့် မတွေ့ခင်မှာ အခုလို သတ်မှတ်ချက်တွေချထားပါတယ်။ ပထမ ကျွန်တော့် Team ကိုအရင်လွှတ်ပြီး တွေ့ရမယ့် အကြောင်းအရာကို အရင်ဖတ်ခိုင်းစေပါတယ်။ ပြီးရင်တော့ အဲ့အကြောင်းအရာနှင့်ပတ်သတ်ပြီး ကျွန်တော် တစ်နာရီလောက် စဉ်းစားပါတယ်။ Meeting ပြီးတဲ့အခါမှာတော့ လူတွေနှင့် စကားထပ်ပြောဖို့ အချိန်တစ်နာရီ ထပ်ပေးပါတယ်။” ဆို​ပြီး ပြောကြားခဲ့ပါတယ်။

Meta CEO ဖြစ်တဲ့ Mark Zuckerberg ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများ 2

“လူတွေနှင့်စကားပြောပြီး ဆွေးနွေးတွေက တစ်ချိန်တည်းမှာပဲ သူတို့လုပ်နေတဲ့အလုပ်တွေကို Feedback ချက်ချင်းပေးနိုင်ပြီး meeting လုပ်ဖို့အတွက် သုံးပတ်လောက်အချိန်​ပေးရတာထက် ပိုပြီးကောင်းပါတယ်။” Zuckerberg ကပြောကြားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက တရုတ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်အောင် အချိန်ပေးပြီး ကြိုးစားလေ့လာခဲ့ပါတယ်။ ခရီးထွက်တဲ့အခါမှာတော့ သူ့ရဲ့ နေ့စဉ်အချိန်ဇယားက ပြောင်းလဲသွားပါတယ်။ အဓိကတော့ အရေးကြီး ပုဂ္ဂိုလ်တွေနှင့် တွေ့နိုင်အောင် ကြိုးစားပါတယ်။

အချိန်ဇယားဘယ်လောက်ပဲများနေပါစေ Zuckerberg က မိသားစုတွေအတွက်တော့ အချိန်ဖယ်ထားပါတယ်။ “ညဘက်ဆိုရင် သူတို့ စာအုပ်တူတူဖတ်ကြတယ်။ တစ်ခါတစ်လေ coding တူတူလေ့ကျင့်ကြတယ်။ ဒါမျိုးလုပ်တာက သမီးကြီး သုံးနှစ်သား ရောက်တည်းက လုပ်နေကြတာပါ” လို့ Zuckerberg အမျိုးသမီးက ပြောကြားခဲ့ပါတယ်။ အကောင်းဆုံးပိုင်ဆိုင်ထားတဲ့အရာက ဘာလဲလို့ သူမက Zuckerberg ကိုမေးတဲ့အခါ သူက မိသားစုနှင့် ကျန်းမာရေးကောင်းမွန်တဲ့အရာတွေကို လက်ညှိုးထိုးပြပါတယ်။

Zuckerberg က သူ့ရဲ့ကလေးတွေကို Jewish ဘာသာရေးနှင့် ပတ်သတ်တဲ့ သီချင်းတွေလည်း ဆိုပြပါတယ်။ ထူးခြားတဲ့အချက်ကတော့ Zuckerberg က အခြား CEO တွေနှင့် မတူပဲ တစ်ညကို ၈နာရီ အိပ်တယ်လို့ Forbes ကိုလည်း ပြောပြခဲ့ဖူးပါတယ်။

Exit mobile version