Meta ရဲ့ Ray-Ban Smart Glasses မှာ Recording ကြာချိန်ကိုတိုးမြှင့်

Facebook ရဲ့ မိခင် Company ဖြစ်တဲ့ Meta နဲ့ Ray-Ban တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Ray-Ban Meta smart glasses ရဲ့ Video Recording ကြာချိန်ကို အရင် ၁ မိနစ်ကနေ အခု ၃ မိနစ်ထိ ကြာအောင် ရိုက်ကူးနိုင်တော့မှာဖြစ်ပါတယ်။ အဆိုပါ Update က Ray-Ban Meta smart glasses ရဲ့ ဗားရှင်း 6.0 မှာပါဝင်လာတာ ဖြစ်ပါတယ်။

Meta ရဲ့ Ray-Ban smart glasses မှာ Recording ကြာချိန်ကိုတိုးမြှင့်

Video Recording ကြာချိန်ကို အရင် ၁ မိနစ်ကနေ အခု ၃ မိနစ်ထိ တိုးထားတယ်ဆိုပေမယ့် Smart glasses ရဲ့ Default recording time ကတော့ 60 seconds သာပြနေမှာ ဖြစ်ပါတယ်။ 3 မိနစ်ထိ Recording လုပ်ချင်တယ် ဆိုရင်တော့ Setting ထဲက Camera section မှာ Video Length ကို ချိန်ညှိပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ၃ မိနစ်ထိ Video Recording လုပ်မယ်ဆိုရင်တော့ ဘက်ထရီသက်တမ်း အရင်ကထက်ပိုနည်းလာမှာ ဖြစ်ပြီး ခနခန အားပြန်သွင်းနေရမှာ ဖြစ်ပါတယ်။

Ray-Ban Meta smart glasses မှာ အရင်က Spotify နှင့် Apple Music သာ အသုံးပြုနိုင်တာဖြစ်ပြီး အခု Update မှာ Amazon Music ကိုပါထည့်သွင်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီး စိတ်တည်ငြိမ်မှုကို အထောက်အကူပြုတဲ့ Audio တွေနားထောင်လို့ ရတဲ့ Calm app ကိုထဲထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ လောလောဆယ်တော့ Update ကို iOS app အတွက်သာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Exit mobile version