Meta ရဲ့ AI (သို့) Llama 3

ChatGPT ကဲ့သို့ AI တွေကို နည်းပညာ companies တော်တော်များများ ထုတ်ပြလာတာကို တွေ့ရပါတယ်။ Meta ကလည်း နောက်ဆုံး ထုတ်ပြလာတဲ့ Llama 3 က လက်တွေ့မှာ real-time စာသားတွေကို ပုံအဖြစ်ပြောင်းလဲနိုင်တာတွေ လုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။ Meta CEO, Mark Zuckerberg ပြောကြားချက်အရ Llama 3 ကို လူတိုင်း free အသုံးပြုနိုင်အောင် ရည်ရွယ်ထားပြီး ထုတ်လုပ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

Meta ရဲ့ AI (သို့) Llama 3 1

Meta AI ကို Google အသုံးပြုသလို ပုံတွေစာတွေကို ရှာတဲ့အခါ result ကို Google (သို့) Bing က ရှာပေးတာကို Meta က လုပ်ဆောင်ပါတယ်။ အသုံးပြုပုံကတော့ ChatGPT လိုမျိုးလုပ်ဆောင်နိုင်ပြီး ပုံတွေကို generate လုပ်တဲ့အခါ ကောင်းမွန်တဲ့ result တွေကို သင်ကိုယ်တိုင်ရွေးနိုင်ပါတယ်။ လက်ရှိမှာတော့ US နိုင်ငံတစ်နိုင်ငံတည်းမှာသာ ရရှိနေပြီး မကြာခင်မှာတော့ နိုင်ငံတော်တော်များများမှာတော့ Meta AI တွေကို တွေ့ရနိုင်ပါတယ်။ လူတော်တော်များများကတော့​ Meta က အခြား AI company တွေရဲ့ လုပ်ဆောင်ချက်တွေကို ခိုးယူထားတယ်လို့ ပြစ်တင်ဝေဖန်နေကြပါတယ်။ အချို့ကတော့ AI လို့ပြောတာနှင့် Meta ကို မမြင်နိုင်ကြဘူးလို့ သုံးသပ်ကြပါတယ်။ Llama 3 က ထွက်ရှိခဲ့သမျှ Llama version တွေထဲမှာ အကောင်းဆုံး version ဖြစ်တယ်လို့လည်း သိရပါတယ်။

Exit mobile version