Meta ရဲ့ CEO, Mark Zuckerberg မှ Nividia AI chips တွေအတွက် ဘီလီယံဒေါ်လာ အမြောက်အများ အသုံးပြုနေသည်ဟုဆို

Artificial Intelligence အတွက်လိုအပ်တဲ့ chips တွေအတွက် Meta မှ ကန်ဒေါ်လာ အမြောက်အများအကုန်ကျခံ​ပြီး ဝယ်ယူနေတယ်ဆိုတဲ့အကြောင်းကို CEO ဖြစ်သူ Mark Zuckerberg မှ Instagram မှာ video post တစ်ခုတင်ခဲ့ပါတယ်။ AI အတွက်မရှိမဖြစ်လိုအပ်တဲ့ computing power မြင့်တဲ့ chipset တွေကို Nvidia မှ အမြောက်အများ မှာယူနေပါတယ်။ Chipset နာမည်က H100 graphics card ဖြစ်ပြီး ၂၀၂၄ အကုန်မှာ အခုရေပေါင်း ၃သိန်း ငါးသောင်းကျော် မှာယူထားတယ်လို့ ဆိုပါတယ်။

Meta ရဲ့ CEO, Mark Zuckerberg မှ Nividia AI chips တွေအတွက် ဘီလီယံဒေါ်လာ အမြောက်အများ အသုံးပြုနေသည်ဟုဆို 1

ယနေ့အချိန်ထိ အခုရေပေါင်း ဘယ်လောက်ဝယ်ယူထားလဲဆိုတာ မသိရပေမယ့် ၂၀၂၂ ခုနစ် ကုန်ခါနီးထိ Nvidia က စျေးကွက်ထဲမှာ ရောင်းချခြင်းမလုပ်ခဲ့ပါဘူး။ လေ့လာသုံးသပ်သူတွေပြောကြားချက်အရ eBay မှာ ဒေါ်လာ နှစ်သောင်းခွဲမှ သုံးသောင်းကြား ရောင်းချတာတွေ့ရပေမယ့် တစ်ကယ်ဝယ်ယူတဲ့အခါ ဒေါ်လာလေးသောင်းအထိလောက် ကုန်ကျနေတာကို တွေ့ရပါတယ်။ Meta က ညှိနှိုင်းစျေးနှင့် ဝယ်ယူတယ်ဆိုရင်တော့ အခုချိန်မှာ ကန်ဒေါ်လာ ၉ဘီလီယံထိ ဝယ်ယူပြီးပြီလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဒီဇင်ဘာကလတုန်းက OpenAI နှင့် Microsoft တို့က AMD မှ AI computer တွေအတွက် Instinct MI300X chipset တွေကို အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Meta ရဲ့ CEO, Mark Zuckerberg မှ Nividia AI chips တွေအတွက် ဘီလီယံဒေါ်လာ အမြောက်အများ အသုံးပြုနေသည်ဟုဆို 2

AI နည်းပညာတွေ တိုးတက်လာတာနှင့်အမျှ Chipset အကောင်းစားတွေကလည်း များစွာလိုအပ်လာပါတယ်။ Chipset companies တွေကလည်း အပြိုင်အဆိုင် ကောင်းမွန်တဲ့ chipset တွေကို များစွာထုတ်လုပ်လာပြီး စျေးကွက်ထဲမှာလည်း ယှဉ်ပြိုင်မှုသိသိသာသာ တိုးလာပါတယ်။ နည်းပညာ companies ကြီးတွေကတော့ အကောင်းဆုံး chipset တွေကို AI computing power မှာ အသုံးပြုဖို့အတွက် ကြိုးပမ်းနေကြပါတယ်။

Exit mobile version