Meta က Video တွေအတွက် ကြီးမားတဲ့ AI ကိုတည်ဆောက်နေ

Facebook, Instagram ရဲ့ newsfeed တွေမှာ မြင်တွေ့နေရတဲ့ videos တွေအတွက်ကောင်းမွန်ပြီး ကြီးမားတဲ့ AI ကို တည်ဆောက်နေပါတယ်။ TikTok ပေါ်မှာ မြင်တွေ့ရတဲ့ reels တွေလိုမျိုး၊ အတိုရော အရှည်ရော နှစ်မျိုးလုံးအတွက် အသုံးပြုသူတွေနှင့် လိုက်ဖက်နိုင်တဲ့ videos တွေကို recommend ပေးဖို့ AI ကို တည်ဆောက်နေတာဖြစ်ပါတယ်။ အရင်ကတော့ Facebook ပေါ်မှာ မြင်တွေ့ရတဲ့​ Reels, Groups နှင့် Facebook feed တွေအတွက် ကွဲပြားတဲ့ AI model တွေကို အသုံးပြုထားပေမယ့် လာမယ့်အနာဂတ်မှာတော့ video ecosystem တစ်ခုလုံးအတွက် တစ်ခုတည်းအသုံးပြုလို့ရမယ့် AI ကိုပဲ ထည့်သွင်းသွားမယ်လို့ သိရပါတယ်။ Meta လို လူအသုံးများတဲ့ Social App တွေမှာ များစွာသော data တွေကို ကိုင်တွယ်နိုင်ဖို့ ကောင်းမွန်တဲ့ AI တွေ အများကြီးလိုအပ်ပါတယ်။

Meta က Video တွေအတွက် ကြီးမားတဲ့ AI ကိုတည်ဆောက်နေ 1

AI model တစ်ခုဖန်တီးဖို့ ငွေကြေးမြောက်များစွာ ကုန်ကျတဲ့အပြင် အချိန်တွေလည်း အများကြီးလိုအပ်ပါတယ်။ ထို့အပြင် ကျွမ်းကျင်တဲ့ပညာရှင်တွေက ကောင်းမွန်တဲ့ result ရလာအောင် data တွေအများကြီးထည့်သွင်းပေးဖို့လည်း အရေးကြီးပါတယ်။ လက်ရှိ Meta ရဲ့ ပြောကြားချက်အရ ထွက်ရှိလာမယ့် AI model အသစ်က ကောင်းမွန်တဲ့အဆင့်ကို ရောက်ရှိနေပါပြီ။ Reels မှာ တွေ့ရှိတဲ့ videos တွေကို ကြည့်ပြီး newsfeed ကို ပြန်သွားတဲ့အခါ အလားတူကောင်းမွန်တဲ့ videos တွေကို recommend ပေးနိုင်ပြီလို့လည်း ပြောကြားထားပါတယ်။ ထို့အပြင် voice cmd ပေးလို့ရတဲ့ feature တွေကိုလည်း ထည့်သွင်းထားပါတယ်။ ဥပမာ “Hey Meta AI, tell me about what I’m seeing with Taylor Swift right now.” ဆိုပြီးမေးမြန်းလိုက်တာနှင့် ပြန်ဖြေကြားပေးနိုင်တဲ့ AI model ကို မကြာခင် လူတွေလက်ထဲထည့်သွားပေးမယ်လို့ သိရပါတယ်။

Exit mobile version