Mark Cuban ပြောပြတဲ့ ဖုန်းတစ်လုံးနှင့် ဒေါ်လာ ငါးရာကိုအသုံးပြုပြီး အလုပ်လုပ်နည်း

Mark Cuban ဆိုတာက အမေရိကန်နိုင်ငံထိပ်တန်းသူဌေးတွေစာရင်းထဲမှာ ပါဝင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး Shark Tank အစီအစဉ်မှာ ပါဝင်တဲ့သူဌေးကြီးတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ကို ဒေါ်လာငါးရာနှင့် ဖုန်းတစ်လုံးပဲ ရှိမယ်ဆိုရင် ဘာလုပ်မလဲလို့ Wired Media ကမေးခွန်းမေးခဲ့ပါတယ်။ ဒီမေးခွန်းက သူ့အတွက် အကောင်းဆုံးမေးခွန်းလို့ ဖြေခဲ့ပြီး အခုလို ဖြေကြားခဲ့ပါတယ်။

Mark က အရောင်းအဝယ်ပိုင်းမှာ ကျွမ်းကျင်တဲ့လူတစ်ယောက်ဖြစ်ပြီး သူကသူ့ရဲ့ကျွမ်းကျင်တဲ့ Skills ကို အသုံးချမယ်လို့ဖြေကြားခဲ့ပါတယ်။ အရောင်းအဝယ်ကျွမ်းကျင်ပြီးသားဖြစ်တာမို့ သူဘာရောင်းရောင်း ပြသနာတော့ မရှိနိုင်ဘူးလို့ ဖြေကြားခဲ့ပါတယ်။ အရောင်းအဝယ်အလုပ်ကတစ်ဆင့် သူရောင်းတဲ့ product အကြောင်းကို အချိန်ပေးပြီး လေ့လာမယ်လို့ပြောကြားခဲ့ပါတယ်။

Mark Cuban ပြောပြတဲ့ ဖုန်းတစ်လုံးနှင့် ဒေါ်လာ ငါးရာကိုအသုံးပြုပြီး အလုပ်လုပ်နည်း 1

ပထမသုံးလမှာ သူ့အတွက် commission ကျန်အောင်ကြိုးစားပြီး ရောင်းမယ်လို့ပြောခဲ့ပါတယ်။ ပြီးရင်တော့ လုပ်သက်အတွေ့အကြုံတစ်ခုရှိလာတဲ့အခါမှာတော့ သူဌေးရုံးခန်းကိုသွားပြီး သူလိုချင်တဲ့လစာကို ပေးမလား၊ သူအလုပ်ထွက်ပြီး ကိုယ်ပိုင် Brand ကို ပေးလုပ်မလားဆိုတာ ရွေးချယ်ခိုင်းပါမယ်။ သူက အတော်ဆုံးအရောင်းဝန်ထမ်းဖြစ်တာကြောင့် တော်တဲ့သူဌေးဆိုရင် သူ့ကိုလက်လွှတ်ခံမှာ မဟုတ်ကြောင်း ပြန်ဖြေကြားခဲ့ပါတယ်။ အရာအားလုံးက အရောင်းကိုအခြေခံတာကြောင့် လုပ်သက်အတွေ့အကြုံတစ်ခုရလာတဲ့အခါ Supervisors တွေနှင့် အနာဂတ် အတွက်ညှိနှိုင်းဆွေးနွေးသင့်ကြောင်း အကြံပေးပါတယ်။ အရောင်းအဝယ်ပညာက လူတိုင်းတက်ထားရမယ့် Skill ဖြစ်ပြီး နေရာတိုင်းမှာလိုအပ်ပါတယ်။ ဥပမာ ပစ္စည်းတစ်ခုခုရောင်းချင်တာဖြစ်ဖြစ်၊ အလုပ်အင်တာဗျူးမှာ ကိုယ့်အကြောင်းမိတ်ဆက်ချင်တာဖြစ်ဖြစ် လိုအပ်ပါတယ်။

“အရောင်းအဝယ်ဆိုတာက တစ်ဖက်သားကို ကိုယ့်ရဲ့ ပစ္စည်းကိုဝယ်အောင် ဖြောင်းဖြတာမျိုးမဟုတ်ပါဘူး။ ကူညီရမယ်ဆိုတဲ့ အသိကို ထည့်ထားဖို့ လိုအပ်ပါတယ။”

အသက် ၁၂ နှစ်တည်းက အမှိုက်အိတ်ကို တစ်အိမ်ဝင်တစ်အိမ်ထွက် ရောင်းချခဲ့တယ်လိို့ Mark က ပြောကြားခဲ့ပါတယ်။ Mark က ငယ်စဉ်အခါက အိမ်တံခါးတွေခေါက်ပြီး အခုလိုပြောပြီး မိတ်ဆက်ခဲ့ပါတယ်။ “ကျွန်တော့်နာမည်က Mark ပါ၊ အမှိုက်အိတ်လိုပါသလား၊ လူကြီးမင်းတို့အမှိုက်အိတ်လိုတိုင်း ကျွန်တော့်ကိုခေါ်ပါ။ အကောင်းဆုံး စျေးနှုန်းနဲ့ထားပေးနိုင်ပြီး အိမ်အရောက်ဝန်ဆောင်မှုပေးပါမယ်။” ဆိုပြီးပြောရောင်းခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။

Mark Cuban ပြောပြတဲ့ ဖုန်းတစ်လုံးနှင့် ဒေါ်လာ ငါးရာကိုအသုံးပြုပြီး အလုပ်လုပ်နည်း 2

ဆယ်စုနှစ်ကြာလာတဲ့အခါမှာတော့ Mark Cuban က သူကိုယ်တိုင်တည်ထောင်ခဲ့တဲ့ software company ဖြစ်တဲ့ MicroSolutions ကို ၁၉၉၀ခုနှစ်မှာ CompuServe ကို ဒေါ်လာ ၆မီလီယံနဲ့ ရောင်းချခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ Yahoo က သူ့ရဲ့ audio streaming company ဖြစ်တဲ့ Broadcast.com ကို ၅မီလီယံနဲ့ချီ ဝယ်ယူခဲ့ပါတယ်။ ​“အရောင်းအဝယ်ပညာဆိုတာက အရမ်းရိုးရှင်းပါတယ်။ ပထမဆုံး လူတွေလိုအပ်တာနဲ့ လိုချင်တာကို အဖြေရှာပါ။ ပြီးရင်တော့ ကူညီဖို့နည်းလမ်းရှာပါ။ နောက်ဆုံးအဆင့်မှာ ပိုက်ဆံကိုတွက်ချက်ပြီး ကိုယ့်အတွက်ရော ဖောက်သည်တွေအတွက်ရော အဆင်ပြေမယ့် amount ကို တွက်ပြီး အလုပ်စလို့ရပါပြီ။” ​ြ

Exit mobile version