macOS Tahoe 26.1 Beta အသစ်ထွက်ပြီ

ပြီးခဲ့တဲ့အပတ်က macOS Tahoe 26 တရားဝင်ထွက်ပြီးနောက်မှာ Apple က macOS 26.1 ရဲ့ ပထမဆုံး developer beta ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီ beta version အသစ်က feature အသစ်တွေထက် “bug တွေပြင်တာ” က ပိုများမယ်လို့ မျှော်လင့်ရပါတယ်။ ဘာလို့လဲဆိုတော့ တရားဝင် Version အသစ်ထွက်ပြီးတာနဲ့ နောက်ထပ် update တွေက ချို့ယွင်းချက်တွေကို ဖြေရှင်းတာမျိုးပဲ အများဆုံးဖြစ်လို့ပါပဲ။ ဒါပေမယ့် Apple က အရင်ကမကြေညာဖူးတဲ့ Feature အသေးစားလေးတွေ ထည့်သွင်းတတ်တာမို့ ဘာတွေအသစ်ပါမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

macOS Tahoe 26.1 Beta အသစ်ထွက်ပြီ

Developer beta ကို စမ်းသုံးချင်သူတွေအတွက်ကတော့ အရင်ဆုံး ကိုယ့်ရဲ့ Mac ကို Backup လုပ်ထားပြီး “System Settings > General > Software Update” ထဲက “Beta Updates” ကိုဖွင့်ပြီး macOS Developer Tahoe Beta ကို ရွေးကာ Install လုပ်နိုင်ပါတယ်။ ဒီ update က သာမန် User တွေအတွက်တော့ အရေးမကြီးပါဘူး။ Developer တွေနဲ့ နည်းပညာသမားတွေအတွက်သာ အဓိကရည်ရွယ်ပြီး စနစ်ထဲက ချို့ယွင်းချက်တွေကို ရှာဖွေပြင်ဆင်ဖို့ ထုတ်ပြန်လိုက်တဲ့ beta တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

Exit mobile version