Macbook Air တွေကို Macbook Pro performance ရအောင် လုပ်နိုင်နေပြီလား

ဒီမေးခွန်းကတော့ ရတယ်လည်း ပြောလို့ရသလို မရဘူးလည်း ပြောလို့ရပါတယ်။ ဆိုလိုတာကတော့ ရအောင် လုပ်ပြလိုက်တဲ့ company တစ်ခု အခိုင်အမာရှိနေပြီး မရဘူးဆိုတာကတော့ အသုံးပြုသူတွေလက်ထဲ ရောက်ဖို့က မသေချာဘူးဖြစ်တာကြောင့်ပါ။ M2 Macbook Air နှင့် Macbook Pro မိတ်ဆက်တုန်းက Chipset တူနေပေမယ့် တစ်ကယ့် အလုပ်ကြီးတွေ run တဲ့အခါ Air က မလိုက်နိုင်ပါဘူး။ အကြောင်းရင်းကတော့ ကွန်ပျူတာထဲမှာ fan ကို မထည့်သွင်းထားပဲ chipset ပူလာတဲ့အခါ အေးအောင်လုပ်ဖို့ မဖြစ်နိုင်တာကြောင့်ပါ။ ဒါကြောင့် Randering လုပ်တာမျိုးနှင့် ကြီးမားတဲ့ video editing တွေလုပ်ဖို့က မလွယ်ပါဘူး။ Pro နဲ့ဆိုရင်တော့ အားလုံးလုပ်နိုင်တာက သူ့မှာပါဝင်တဲ့ fan က chipset မပူအောင် စွမ်းဆောင်ပေးနိုင်လို့ပါပဲ။

Frore Company မှ ထုတ်လုပ်ထားတဲ့ Air Jet (သို့) solid state active cooling chip

Macbook Air မှာပါတဲ့ M2 Chipset ကို heat မတက်အောင် fan ထည့်ပေးမယ်ဆိုရင်တော့ performance က M2 Macbook Pro အတိုင်းရရှိမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အလုပ်ဖြစ်အောင် အကောင်အထည်ဖော်လိုက်တဲ့ company ကတော့ Frore လို့ခေါ်တဲ့ company ပဲဖြစ်ပါတယ်။ ဒီ fan လေးကိုတော့ Air Jet ဆိုပြီး အမည်ပေးထားပါတယ်။ အရွယ်အစားအနေနှင့် အလျား 27.5mm, အနံ 41.5mm နှင့် အမြင့် 2.8 mm ရှိပြီး သာမန် ကွန်ပျူတာတွေမှာပါဝင်တဲ့ fan တွေထက် ပိုပါးလွှာပါတယ်။ ဒီ Air Jet လေးကို Macbook Air မှာထည့်သွင်းဖို့အတွက်က နေရာအများကြီးမလိုတာကြောင့် ပိုပြီးသင့်တော်ပါတယ်။​ Air Jet ထည့်သွင်းပြီး performance ကို စမ်းကြည့်တဲ့အခါမှာတော့ Macbook Air နှင့် Pro က performance တူသွားတာကို တွေ့ရပါတယ်။

Air Jet ထည့်သွင်းထားသော M2 Macbook Air ကို တွေ့ရစဉ်
Performance စမ်းသပ်ထားသည်ကို တွေ့ရစဉ်

Frore company အနေနှင့် အခုလို လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ consumer တွေကို ရောင်းချဖို့ထက် Apple ကို သက်သေပြချင်လို့ ဖြစ်ပါတယ်။ ဒီ Air Jet ကို ထည့်သွင်းလိုက်မယ်ဆိုရင်တော့ Battery အတွက်လည်း နေရာကျယ်လာမှာဖြစ်ပြီး Performance လည်း သိသိသာသာ တိုးလာတာကို သက်သေပြသွားခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ဒီ video မှာ ကြည့်ရှုနိုင်ပါတယ်။

Exit mobile version