M3 နဲ့ iMac ကို လာမယ့် အောက်တိုဘာလတွင် မိတ်ဆက်ပေးနိုင်

Apple ရဲ့ သတင်းတွေကို ခန့်မှန်းပြောဆိုနေတဲ့ Mark Gurman က M3 နဲ့ ပြုလုပ်ထားတဲ့ iMac ကို ဒီနှစ်မဟုတ်၊ နောက်နှစ်ထဲမှာ ထုတ်လုပ်ပေးနိုင်ကြောင်း ပြောလိုက်တာ ဖြစ်ပါတယ်။

Gurman ခန့်မှန်းထားချက်အရ လာမယ့် အောက်တိုဘာလမှာ iPhone 15 ကို မိတ်ဆက်ပေးပြီးနောက် Apple ရဲ့ ပစ်မှတ်နောက်တစ်ခုဟာ M3 နဲ့ iMac ဖြစ်နိုင်ကြောင်း သိရပါတယ်။ M3 နဲ့ iMac ကို ဒီနှစ်အကုန်မဟုတ်ရင် နောက်နှစ်ထဲမှာ ထုတ်ပေးနိုင်တယ်လို့ Gurman က ပြောပါတယ်။ iMac နဲ့ ပတ်သက်ပြီး Gurman နောက်ဆုံးပြောထားတာကတော့ အရောင်စုံတဲ့ iMac ကို နောက် ၁ နှစ် ၊ ၂ နှစ်အတွင်း မိတ်ဆက်ပေးမှာဖြစ်ပြီး Gurman ပြောခဲ့တဲ့ အချိန်နဲ့ အခုအချိန်နဲ့ဆို ကွက်တိလောက် ကျနေတာ တွေ့ရပါတယ်။

၂၀၂၄ ခုနှစ် အကုန်မတိုင်မီမှာ 32 လက်မနဲ့ အထက် iMac ကို ထုတ်ပေးနိုင်ကြောင်း Gurman ကပြောထားပြီး ၎င်း iMac ဟာ 24 လက်မ iMac ကို အရွယ်အစားပြောင်းလိုက်တာလောက်ပဲ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုထားတာကြောင့် ဒီနှစ်အကုန်မဟုတ်ရင် နောက်နှစ်ထဲမှာ 24 လက်မ iMac ကို မြင်ရနိုင်တယ်လို့ ပြောတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Gurman ဟာ M3 13 လက်မ MacBook Air နဲ့ MacBook Pro တို့ကို မိတ်ဆက်ပေးမှာ ဖြစ်ကြောင်း အတိအကျပြောထားပေမယ့် M3 နဲ့ iPad ကိုတော့ နောက်နှစ်ထဲမှာ ထုတ်ပေးနိုင်တယ်လို့ပဲ ပြောထားတာတွေ့ရပါတယ်။

M3 နဲ့ ပတ်သက်ပြီး Gurman ရဲ့ ပြောပြမှုတွေအားလုံးကို ကြည့်ခြင်းဖြင့် M3 နဲ့ ထွက်လာမယ့် iMac နဲ့ 13 လက်မ MacBook တို့ဟာ Apple ရဲ့ ပထမဦးဆုံး 3nm Apple Silicon Chips နဲ့ တည်ဆောက်ထားတဲ့ ထုတ်ကုန်တွေ ဖြစ်လာနိုင်ကြောင်းလည်း ခန့်မှန်းနိုင်ပါတယ်။ ဒီလိုဆိုတော့ M3 နဲ့ Apple ထုတ်ကုန်တွေကို ဒီနှစ်ထဲမှာတင် မြင်ရနိုင်ခြေရှိနေပြီး ဒီနှစ်ထဲမှာ မမြင်ခဲ့ရရင်တောင် နောက်နှစ်ထဲမှာ သေချာပေါက် မြင်ရတော့မှာ ဖြစ်ပါတယ်။

Exit mobile version