Logitech မှ မိတ်ဆက်လိုက်တဲ့ AI mouse

ယနေ့ ထွက်ရှိတဲ့ ကွန်ပျူတာကီးဘုတ်တွေထဲမှာ copilot ပါဖို့ မသေချာပေမယ့် Logitech ကတော့ mouse မှာ AI ကို အသုံးပြုဖို့ button ပါ ထည့်သွင်းလာပြီ ဖြစ်ပါတယ်။ Mouse မှာ ပါဝင်တဲ့ button ကို နှိပ်လိုက်ရုံနှင့် သင် အကြောင်းပြန်ရမယ့် email ကို အလိုအလျောက် ရေးပေးနိုင်တဲ့ features တွေကို အသုံးပြုနိုင်ပါပြီ။ ထို့အပြင် သင့်စိတ်ကြိုက် အကြောင်းအရာကို အတိုချုပ်ခြင်း၊ အချက်လက်နှင့် ပြသနိုင်ခြင်း စသဖြင့် ကိုယ့်စိတ်ကြိုက်ပုံစံရွေးချယ်နိုင်ပါတယ်။

Logitech မှ မိတ်ဆက်လိုက်တဲ့ AI mouse 1

Logitech မှာပါဝင်တဲ့ ကိုယ်ပိုင် software နှင့် ChatGPT တို့ပူးပေါင်းပြီး ဖန်တီးတဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Logi AI Prompt Builder က အင်္ဂလိပ်ဘာသာစကားတစ်မျိုးတည်းကိုသာ အသုံးပြုနိုင်ပါသေးတယ်။ M750 mouse version ကို AI button ထည့်သွင်းထားတဲ့ mouse တစ်ခုဖြစ်ပါတယ်။ စတင်ရောင်းချတဲ့ စျေးနှုန်းကတော့ US $49.99 ဖြစ်ပါတယ်။ Logitech ရဲ့ mouse က လူကြိုက်များတဲ့ mouse ဖြစ်ပြီး AI feature ကို ပထမဆုံးထည့်သွင်းလာခြင်းဖြစ်ပါတယ်။ အနာဂတ်မှာတော့ အခြားကွန်ပျူတာ ကီးဘုတ်တွေမှာ AI button လည်း တစ်သားတည်း ပါဝင်လာနိုင်ပါတယ်။

Exit mobile version