Games တွေကို ထည့်သွင်းတော့မယ့် LinkedIn

ဒီနေ့ခေတ် အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေတဲ့နေရာမှာ အသုံးများတဲ့ LinkedIn Social Media Platform ဟာ Games တွေကို ထည့်သွင်းတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

LinkedIn ရဲ့ မိခင် ကုမ္ပဏီဟာ Gaming လောကမှ နာမည်ကြီးတဲ့ Xbox ၊ Activision Blizzard တို့လို နာမည်ကြီး ကုမ္ပဏီတွေရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Microsoft ဖြစ်တာကြောင့် အခုလိုမျိုး LinkedIn မှာ Games တွေ ထည့်ဖို့ စီစဥ်တာ မစမ်းပါဘူး။ LinkedIn ရဲ့ ပြောခွင့်ရှိသူက Games တွေ ထည့်သွင်းမယ့် ကိစ္စနဲ့ ပတ်သက်ပြီး အတည်ပြုခဲ့ပေမယ့် Platform ထဲသို့ ဘယ်အချိန်မှာ ထည့်သွင်းပေးမလဲ ဆိုတာကိုတော့ အတိအကျ မသိသေးဘူးလို့ ပြောပါတယ်။

LinkedIn ရဲ့ ပြောခွင့်ရှိသူရဲ့ ပြောပြမှုအရ Platform ထဲကို ထည့်သွင်းမယ့် Game တွေဟာ Puzzle-Based Games တွေပဲ ဖြစ်ပြီး ပထမဦးဆုံး မြင်တွေ့ရမယ့် Game (၃) မျိုးကတော့  “Queens” ၊ “Inference” နှင့် “Crossclimb” တို့ ဖြစ်ကြောင်း သိရပါတယ်။ LinkedIn ဟာ အခုလိုမျိုး Games တွေ ထည့်သွင်းဖို့ ကြိုးစားတာဟာ LinkedIn ကို အသုံးပြုသူ များလာစေဖို့ဖြစ်သလို အသုံးပြုသူများ အချင်းချင်း ပိုမိုရင်းနှီးစေဖို့ ဖြစ်ကြောင်း သိရပါတယ်။

ADVERTISEMENT
Exit mobile version