LG ရဲ့ AI စက်ရုပ်အသစ်လေးကို ဇန်နဝါရီလထဲမှာ မြင်တွေ့ရနိုင်

ဇန်နဝါရီလထဲမှာ ကျင်းပမယ့် CES 2024 မှာတော့ LG က အသစ်ထုတ်လုပ်ထားတဲ့ ခြေနှစ်ချောင်းပါ AI စက်ရုပ်လေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လူတွေနေ့စဉ် အိမ်မှာလုပ်နေကြအလုပ်တွေကို တစ်စိတ်တစ်ပိုင်းက ကူညီပေးနိုင်တဲ့ စက်ရုပ်လေးလည်း ဖြစ်ပါတယ်။ ခြေထောက်နှစ်ချောင်းမှာ ဘီးအသေးစားလေးပါဝင်ပြီး အိမ်ထဲမှာ သွားလာနိုင်မှာ ဖြစ်ပါတယ်။ စပီကာ၊ ဆင်ဆာ နှင့် လက်ရှိဒေတာတွေကို ဖမ်းယူနိုင်တဲ့ features တွေလည်း စက်ရုပ်လေးမှာ ပါဝင်မှာဖြစ်ပါတယ်။ အခန်းအပူချိန်၊ ရာသီဥတုနှင့် အိမ်တွင်းလေသန့်စင်မှုကို တိုင်းတာနိုင်ပါတယ်။ မျက်နှာမှာတော့ animation မျက်လုံးနှစ်လုံးပုံစံပါဝင်ပြီး အသုံးပြုသူရဲ့ ညွှန်ကြားချက်တွေကို ပြန်လည်ပြောဆိုနိုင်စွမ်းလည်း ရှိပါတယ်။

LG ရဲ့ AI စက်ရုပ်အသစ်လေးကို ဇန်နဝါရီလထဲမှာ မြင်တွေ့ရနိုင် 1

ဒါ့အပြင် အိမ်မှာ လူမရှိတဲ့အခါ သင့်အိမ်ရဲ့အစောင့်သဖွယ် စွမ်းဆောင်နိုင်ပါတယ်။ တံခါး lock အဖွင့်အပိတ်လုပ်ခြင်း၊ သင့်ရဲ့ smartphone ဆီကို အကြောင်းကြားစာ ပေးပို့နိုင်ခြင်း၊ ပြတင်းပေါက် လိုက်ကာ ဖွင့်ပိတ်ပေးနိုင်ခြင်းတို့ကိုလည်း လုပ်​ဆောင်နိုင်ပါတယ်။ သင်အသုံးမပြုတဲ့ electronic device တွေကိုလည်း ပိတ်ဖွင့် လုပ်ဆောင်နိုင်ပါတယ်။ သူ့ကိုအသုံးပြုဖို့အတွက် ကျန်တဲ့ electronic device တွေကလည်း smart electronic device ဖြစ်ဖို့ လိုပါတယ်။ အိမ်မှာ မွေးမြူထားတဲ့ ကြောင်၊ ခွေးတွေကိုလည်း smart pet feeder မှ တစ်ဆင့်အစာကျွေးနိုင်ခြင်း၊ အိမ်ရဲ့အခြေအနေကိုလည်း ကင်မရာမှတစ်ဆင့် တိုက်ရိုက်ပေးပို့နိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။

LG ရဲ့ AI စက်ရုပ်အသစ်လေးကို ဇန်နဝါရီလထဲမှာ မြင်တွေ့ရနိုင် 2

သူ့ကိုတော့ LG ရဲ့ Two-legged AI Robot လို့သိထားကြပြီး ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၄ရက်နေ့ထိ ကျင်းပတဲ့ CES 2024 မှာမြင်တွေ့ရမှာ ဖြစ်ပါတယ်။

Exit mobile version