iOS တွေအတွက် Game feature တစ်ခုကို Youtube မှ မိတ်ဆက်

Game အသေးစားလေးတွေကို ဆော့ဖို့အတွက် App ကို install လုပ်စရာမလိုပဲ Youtube ထဲမှာတင် ဆော့နိုင်မယ့် feature ကို Youtube က မိတ်ဆက်လိုက်ပါပြီ။ ဒီ feature ကို Playables လို့အမည်ပေးထားပြီး ဂိမ်းပေါင်း ၇၅ ခုကျော်ကို ဆော့နိုင်မှာ ဖြစ်ပါတယ်။ Angry Birds နှင့် Cut the Rope game တွေပါဝင်ပါတယ်။

iOS တွေအတွက် Game feature တစ်ခုကို Youtube မှ မိတ်ဆက် 1

သင်ကစားနေချိန်အတွင်းမှာ Youtube က Best Score ကိုမှတ်ထားပြီး game progress ကိုလည်း save ထားမှာ ဖြစ်ပါတယ်။ Playables ကို အသုံးပြုသူအချို့တွေမှာ ရရှိတာကြာပြီဖြစ်သော်လည်း ဒီနေ့မှာတော့ Youtube က လူတိုင်း အသုံးပြုလို့ရအောင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Playables ကို အသုံးပြုဖို့အတွက် Explore Menu က တစ်ဆင့် Playables section ကို ရွေးချယ်နိုင်ပါတယ်။ Netflix က ယခုကဲ့သို့ game features ကို ၂၀၂၁ ခုနှစ်ထဲက မိတ်ဆက်ခဲ့တာဖြစ်ပြီး Apple TV ကလည်း အလားတူ မိတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။ New York Times လည်း ထို့နည်းတူ features တွေကို မိတ်ဆက်ပြီးသားဖြစ်ပါတယ်။ Youtube က မိတ်ဆက်တာနောက်ကျပေမယ့် future plan မှာတော့ ဘယ်လို game မျိုးတွေ ထည့်သွင်းလာနိုင်လဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Exit mobile version