Bloomberg က Mark Gurman ရဲ့ ပြောကြားချက်အရ လာမယ့် iOS 27 က feature အသစ်တွေ အများကြီးပါလာမှာမဟုတ်ဘဲ၊ performance ကောင်းမွန်ရေးနဲ့ bug တွေပြင်ဆင်ရေးကိုပဲ အဓိကထားလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအခြေအနေက ၂၀၀၉ ခုနှစ်ကထွက်ခဲ့တဲ့ Mac OS X Snow Leopard နဲ့ တော်တော်လေးကို ဆင်တူပါတယ်။ အဲ့ဒီတုန်းက Apple က “0 new features” လို့တောင် ကြွေးကြော်ပြီး Mac ရဲ့ တည်ငြိမ်မှုနဲ့ အမြန်နှုန်းကိုပဲ အဓိကအာရုံစိုက်ပြီး အဆင့်မြှင့်တင်ခဲ့တာပါ။ နောက်ပြီး Feature အသစ်တွေ လုံး၀မပါလာတာမျိုးမဟုတ်ပဲ အရင်ကထက် ပိုပြီး စမတ်ကျလာမယ့် (သို့မဟုတ်) ပိုပြီးတော်လာမယ့် Siri ပုံစံသစ်လိုမျိုး အပြောင်းအလဲတချို့တော့ ပါဝင်လာဦးမှာပါ။ iOS 27 ကိုတော့ လာမယ့် ဇွန်လမှာမိတ်ဆက်ပြီး စက်တင်ဘာလမှာ တရားဝင်ဖြန့်ချိဖွယ်ရှိပါတယ်။
ခြုံပြောရရင်တော့ Apple က နှစ်တွေအကြာကြီး feature အသစ်တွေ တောက်လျှောက်ထည့်လာပြီးနောက်မှာ အခုတစ်ခေါက်တော့ ခဏရပ်ပြီး ရှိပြီးသား OS ကို ပြန်လည်သန့်စင်ပြီး အခြေခံအုတ်မြစ်ကို ပိုခိုင်မာအောင် လုပ်ဆောင်တော့မယ့်ပုံပါပဲ။