Apple က မကြာသေးခင်ကပဲ iOS 26.1 developer beta အသစ်ကို ထုတ်ပေးလိုက်ပါတယ်။ ဒီ Beta မှာ အဓိကပါလာတာကတော့ iOS 26 ရဲ့ ဒီဇိုင်းအသစ် Liquid Glass ကို သိပ်မကြိုက်တဲ့သူတွေအတွက် option အသစ်တစ်ခု ဖြစ်ပါတယ်။ Liquid Glass က အရမ်းကြည်လင်တောက်ပနေတဲ့အတွက် စာဖတ်ရတာ အဆင်မပြေဘူးလို့ တချို့သုံးစွဲသူတွေက feedback ပေးခဲ့ကြတာ ဖြစ်ပြီး Apple က အဲ့ဒီပြဿနာကို ဖြေရှင်းပေးလိုက်တာ ဖြစ်ပါတယ်။

အဆိုပါ Setting အသစ်က Liquid Glass ကို ပိုပြီး opaque (သိပ်မကြည်တော့တဲ့ပုံစံ) ဖြစ်အောင် ‘tint’ လုပ်ပေးမှာပါ။ Setting > Display & Brightness > Liquid Glass ထဲမှာ “Clear” (မူရင်းပုံစံ) နဲ့ “Tinted” (နည်းနည်းမှိုင်းတဲ့ပုံစံ) ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
ဒီ Feature ကို iPadOS နဲ့ macOS beta တွေမှာလည်း ရနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး Lock screen ကနေ ကင်မရာကို swipe လုပ်ပြီးဖွင့်တဲ့ feature ကိုလဲ ကိုယ်မကြိုက်ရင် ပိတ်ထားလို့ ရမှာဖြစ်ပါတယ်။ ဒါက ကိုယ့်ဖုန်းကို တခြားသူတစ်ယောက်ယောက်ကိုင်ထားမိရင်တောင် lock မဖွင့်ဘဲ ဓာတ်ပုံတွေလျှောက်ရိုက်လို့ မရတော့အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။