Internet of Bodies (IOB) နှင့် လူသားတွေရဲ့ အနာဂတ်

IOB ရဲ့ အနာဂတ်မျိုးဆက်သစ်မှာ လူသားတွေက စက်ရုပ်တွေနှင့် တစ်သားတည်းဖြစ်သွားနိုင်ပါတယ်။ တစ်နည်းအားဖြင့် AI နှင့် လူသားတို့ရဲ့ ထိန်းချုပ်မှုက ပေါင်းစပ်သွားပြီး တစ်ခုတည်းဖြစ်သွားနိုင်ပါတယ်။ ကောင်းတဲ့အချက်တွေရှိသလို ကြီးမားတဲ့ အန္တရာယ်တွေလည်း အများကြီးရှိလာနိုင်ပါတယ်။ ပညာရှင် Andrea M.Matwshyn ပြောကြားချက်အရ လူသားတစ်ယောက်ရဲ့ ရိုးသားဖြောင့်မတ်မှုနှင့် လုပ်နိုင်စွမ်းဆောင်ရည်တွေက အနည်းဆုံးအင်တာနက်နှင့် ဆက်နွယ်နေတဲ့ AI အပေါ်မှာ မှီခိုအားထားနေရတယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာ ကျန်းမာရေးနှင့် ပတ်သက်တဲ့ စျေးကွက်က ကန်ဒေါ်လာ ၆၆ ဘီလီယံထိရှိပြီး ၂၀၂၉ ခုနှစ်မှာတော့ စျေးကွက်တန်ဖိုးက ကန်ဒေါ်လာ ၁၃၂ ဘီလီယံထိရှိသွားနိုင်ပါတယ်။ IOB ကို အဓိကအားဖြင့် အမျိုးအစား ၃ မျိုးခွဲခြားထားပါတယ်။

ပထမတစ်မျိုးက လူသားတွေရဲ့ ခန္ဓာကိုယ်အပြင်ဖက်အပိုင်းမှာ အသုံးပြုရတဲ့အရာဖြစ်ပါတယ်။ ဥပမာအားဖြင့် smartwatch, rings လိုမျိုး ဝတ်ဆင်နိုင်ပြီး ကင်မရာ၊ headphone တို့ကိုလည်း အသုံးပြုနိုင်တဲ့ device တွေဖြစ်ပါတယ်။ ဒုတိယ အမျိုးအစားကတော့ လူ့ခန္ဓာကိုယ်ရဲ့ အတွင်းထဲမှာ ထည့်သွင်းရတဲ့ အရာမျိုးတွေဖြစ်ပါတယ်။ လူတွေရဲ့ အူကလီစာနှင့် အတွင်းအစိတ်အပိုင်းတွေဖြစ်တဲ့ Nerves, Muscles တွေကို ထိန်းချုပ်နိုင်တဲ့အရာမျိုးတွေဖြစ်ပါတယ်။ Digital Pills လို့ခေါ်တဲ့ ဆေးတောင့်လေးကို သောက်ပြီး လူတစ်ယောက်ရဲ့ Data တွေကို ကြည့်ရှုလေ့လာလို့ ရတာမျိုးဖြစ်ပါတယ်။

Internet of Bodies (IOB) နှင့် လူသားတွေရဲ့ အနာဂတ် 1

နောက်ဆုံးအမျိုးအစားကတော့ Elon Musk ရဲ့ Neuralink လိုအမျိုးအစား ဖြစ်ပါတယ်။ လူရဲ့ ဦးနှောက်အာရုံကြောကို AI က တိုက်ရိုက်ထိန်းချုပ်ထားတာမျိုးတွေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Brain Computer လို့ခေါ်ပါတယ်။ လက်ရှိအချိန်မှာတော့ အောင်မြင်မှုက ရာခိုင်နှုန်းများတယ်ဆိုပေမယ့် လုံး၀ ပြီးပြည့်စုံတာမျိုးတော့ မရှိသေးပါဘူး။ IOB က လူသားတွေရဲ့ ကျန်းမာရေးအတွက် ရည်ရွယ်ပြီး ထုတ်လုပ်တယ်လို့ ဆိုကြပေမယ့် အနာဂတ်မှာ ဆွေးနွေးစရာတွေ များစွာရှိလာနိုင်ပါတယ်။ ကွန်ပျူတာ chipset လေးတစ်ခုနှင့် လူတွေကို စက်ရုပ်လို ထိန်းချုပ်သွားနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ စိတ်ဆန္ဒမပါပဲ လုပ်ဆောင်မှုတွေကို အခြားလူတစ်ယောက်က ပြုလုပ်နိုင်ပါတယ်။ ဒီအတွက် တိကျပြီး လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်တွေကို ထုတ်ပြန်ထားတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ ယခုထဲက ရှိထားသင့်ပါတယ်။ မသမာသူတွေနှင့် အဖျက်သမားတွေရဲ့ လက်ထဲကို ဒီနည်းပညာတွေ ရောက်သွားခဲ့ရင်တော့ ရုပ်ရှင်တွေထဲကလို အဖြစ်အပျက်တွေကို လက်တွေ့မှာ မြင်သွားရနိုင်ပါတယ်။

Exit mobile version