Internet နှင့် ကွန်ပျူတာကို မရင်းနှီးတဲ့ မိဘတွေရဲ့ အကြောင်း

ဒီဆောင်းပါးလေးကတော့​ အမေရိကန်နိုင်ငံက ​Nancy Navarro လို့အမည်ရှိတဲ့ ၄၄ နှစ် အရွယ်ရှိ မိဘတစ်ဦးအကြောင်းဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ကွန်ပျူတာ အခြေခံ skills နှင့် အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင်အသုံးမပြုတက်ရင်တော့ အများကြီးအခက်တွေ့နိုင်ပါတယ်။ ဖုန်းကတစ်ဆင့် အလုပ်တော်တော်များများကို လုပ်ဆောင်နိုင်ပေမယ့် အလုပ်နှင့် ပတ်သက်တဲ့ စာရိုက်ပေးရတဲ့ ကိစ္စ၊ email ပြန်တဲ့ကိစ္စနှင့် လုပ်ငန်းခွင်အတွက် လိုအပ်တဲ့အရာတွေကိုတော့ ကွန်ပျူတာနှင့် အင်တာနက် ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတက်မှ အဆင်ပြေပါတယ်။

Internet နှင့် ကွန်ပျူတာကို မရင်းနှီးတဲ့ မိဘတွေရဲ့ အကြောင်း 1

Nancy က သူမရဲ့ သားနှစ်ယောက်ရဲ့ ကျောင်းက ရမှတ်တွေကို ကြည့်ဖို့အတွက်တောင် ကွန်ပျူတာအသုံးပြုရာမှာ အခက်တွေ့နေပါတယ်။ ကံကောင်းစွာနှင့် လူကြီးတွေအတွက် ကွန်ပျူတာ skills ကို အခမဲ့သင်ပေးတဲ့ organization မှာ တက်ရောက်ပြီးတဲ့နောက်ပိုင်းမှာတော့ သူမရဲ့ ကွန်ပျူတာ skills က တိုးတက်လာပြီး ကွန်ပျူတာကိုကောင်းစွာ အသုံးပြုလာနိုင်ပါတယ်။ အလားတူ Ana Manzia လို့အမည်ရှိတဲ့ အသက် ၄၆ နှစ် အမေတစ်ဦးကလည်း ကွန်ပျူတာကို အခြေခံရှိထားပေမယ့် ဒီသင်တန်းကို တက်လိုက်တဲ့အခါမှာ zoom meeting မှာ screen sharing လုပ်တာကအစ သိသွားခဲ့ပြီး advanced level ကို တက်ရောက်ဖို့ သင်ကြားနေပါတယ်။ ဒီအခမဲ့သင်တန်းကို ဦးဆောင်လုပ်ပေးတဲ့ organization နာမည်ကတော့ everyoneon လို့ အမည်ရပါတယ်။ Everyoneon ရဲ့ စစ်တမ်းများအရ အမျိုးသမီးတော်တော်များများက မိဘတွေနှင့် သက်ကြီးရွယ်အိုတွေ ပါဝင်ပါတယ်။ သူတို့က ကွန်ပျူတာ အခြေခံ skill နှင့် အင်တာနက်မသုံးတက်တာကြောင့် မိသားစုတွေကြားမှာပါ နောက်ကျသလို ခံစားခဲ့ရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ကွန်ပျူတာကို အခြေခံ ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတက်အောင် တိုက်တွန်းခြင်း

Internet နှင့် ကွန်ပျူတာကို မရင်းနှီးတဲ့ မိဘတွေရဲ့ အကြောင်း 2

ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာတော့ အိမ်တစ်အိမ်မှာ မိသားစုဝင်တိုင်း နည်းပညာနှင့် ကျွမ်းကျွမ်းကျင်ကျင်မရှိတောင် အခြေခံကို အားလုံးတက်မြောက်ဖို့ လိုအပ်ပါတယ်။ ဆင်းရဲ့တဲ့နိုင်ငံအများစုမှာတော့ အိမ်တစ်အိမ်က မိသားစုဝင်တိုင်း ကွန်ပျူတာအခြေခံတက်မြောက်ဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။ ယနေ့လို အရှိန်အမြန်တိုးတက်လာတဲ့ခေတ်မှာ ကွန်ပျူတာတစ်လုံးကတော့ အိမ်တစ်အိမ်မှာ တစ်လုံးရှိသင့်ပါတယ်။ ဖုန်းနှင့်အင်တာနက်ကို အသုံးပြုနိုင်ပေမယ့် တစ်ကယ်တမ်း အလုပ်လုပ်တဲ့အခါမှာ ကွန်ပျူတာက လိုအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံလိုမျိုးမှာ ကွန်ပျူတာကိုအခြေခံ မသုံးတက်တဲ့ မိသားစုတွေက အခက်တွေ့လာနေပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့ everyoneon အဖွဲ့အစည်းတွေပေါ်လာခဲ့ပါတယ်။ သင်က အသက် ၄၀ ကျော်ထိ ကွန်ပျူတာကို အခြေခံလောက်ပဲ သုံးတက်ထားရင်တော့ ယခုတည်းက ကွန်ပျူတာနှင့် အင်တာနက်ကို နောက်တစ်ဆင့် အသုံးပြုတက်အောင် ကြိုးစားဖို့ လိုပါပြီ။ သို့မဟုတ်ရင်တော့ သင့်သားသမီးတွေရဲ့ ခြေလှမ်းကို လိုက်နိုင်ဖို့ အများကြီးကျန်သွားနိုင်ပါတယ်။

Exit mobile version