ယနေ့တစ်ကမ္ဘာလုံးမှာ အသုံးပြုနေတဲ့ www. ကို တီထွင်ခဲ့တဲ့ Tim Berners-Lee က အင်တာနက်ကို လူတွေအတွက်အမှန်တကယ်အကျိုးရှိအောင် ပြန်ရယူဖို့ ကြိုးပမ်းနေပါတယ်။ လူသားတွေအားလုံး ယနေ့အင်တာနက်အသုံးပြုနေအောင် စတင်လုပ်ဆောင်ပေးခဲ့တဲ့လူက Tim Berners-Lee ပဲ ဖြစ်ပါတယ်။ အင်တာနက် ပေါ်ပေါက်လာခဲ့ပြီးနောက်ပိုင်းမှာ လူတွေက Google, Facebook နှင့် အခြား social media apps တွေကို အသုံးပြုလာကြပြီး အင်တာနက်ဘယ်က လာတယ်ဆိုတာ မေ့နေကြပါတယ်။ အထူးသဖြင့် နည်းပညာနှင့် ကင်း၀ေးတဲ့လူတွေက Facebook နှင့် Google တို့ကို အင်တာနက်လို့ မှတ်ယူထားကြပါတယ်။ အမှန်တကယ်တော့ Facebook, Google တို့က အင်တာနက်စနစ်ပေါ်မှာ အခြေခံထားတဲ့ နည်းပညာ companies တွေပဲ ဖြစ်ပါတယ်။ Google , Facebook တို့လို companies တွေက အသုံးပြုသူတွေရဲ့ data တွေမြောက်များစွာကို ယနေ့မှာ ပိုင်ဆိုင်ထားပြီး သူတို့အလိုရှိသလို ပုံစံကို ပုံဖော်နိုင်နေပါတယ်။ လူတွေရဲ့ အပြုအမူ အကြိုက်အလိုက်တွေကို ကောင်းစွာ ကိုင်တွယ်နိုင်နေပါတယ်။
www. စတင်ပေါ်ပေါက်လာပုံကို ပြောပြရရင်တော့ ၁၉၈၉ ခုနှစ်က European Organization for Nuclear Research (CERN) အတွက် Berners-Lee က တာ၀န်ထမ်းဆောင်နေခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေကြား Data အချက်အလက်တွေကို ကောင်းစွာဖလှယ်နိုင်ဖို့ source code တွေကို free ပေးခဲ့ပါတယ်။ မည်သူမဆို www. မှာ data အချက်အလက်တွေကို ရယူနိုင်ဖို့အတွက် ရည်ရွယ်ချက်နှင့် ဖန်တီးခဲ့ပြီး ယနေ့မှာတော့ နည်းပညာ companies ပေါင်းမြောက်များစွာက Tim Berners-Lee ရဲ့ ကျေးဇူးကြောင့် ရပ်တည်နေနိုင်ကြပြီ ဖြစ်ပါတယ်။ သို့ပေမယ့် လူသားတွေရဲ့ လောဘကြောင့် အင်တာနက်က မသမာမှုတွေလည်း များစွာရှိနေပြီ ဖြစ်ပါတယ်။ Google နှင့် Facebook တို့လို companies တွေက အသုံးပြုသူတွေရဲ့ Data မြောက်များစွာကို နောက်ကွယ်က ရယူထားပြီး AI တွေကို train နေပြီဖြစ်ပါတယ်။ အထူးသဖြင့် AI ပိုပြီးကောငးလာဖို့ကလည်း Data မြောက်များစွာကို လိုအပ်ပါတယ်။ AI က ပိုပြီးကောင်းလာလေလေ အသုံးပြုသူတွေကို သူတို့ရဲ့ စက်ကွင်းထဲက မလွတ်အောင် ပြုလုပ်ရတာ ပိုလွယ်လာလေ ဖြစ်လာပါလိမ့်မယ်။ လူသားတွေက Facebook ကို မကြည့်ရရင် မနေနိုင်ဖြစ်လာနိုင်ပါတယ်။
Tim Berners Lee က Tech Giants တွေက လူတွေကို သူတို့ရဲ့ system ထဲမှာပိတ်မိနေအောင် ဖန်တီးထားတာမျိုးကို လုံး၀မကြိုက်ပါဘူး။ အသုံးပြုသူတွေက သူတို့ရဲ့ system ထဲမှာ ၀င်သွားတဲအခါမှာ ပြုလုပ်တဲ့ ဆုံးဖြတ်ချက်တွေကအစ သူတို့ချပြတဲ့ သတင်းအချက်အလက်တွေအပေါ် မှီခိုသွားနိုင်ပါတယ်။ ထို့အပြင် Berners Lee က AI က ပေးတဲ့ Data တွေကိုလည်း ဘယ်အရာက ရယူထားလဲဆိုတာကို label တက်စေချင်တဲ့ ဆန္ဒရှိနေပါတယ်။ ဒါမှ လူတွေက စဥ်းစားချင့်ချိန်နိုင်မှာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ လူတွေရဲ့ Data တွေကို ခွင့်ပြုချက်နှင့် ရယူပြီးမှ companies တွေက သိမ်းနိုင်ဖို့ လုပ်ဆောင်ရာမှာ အရမ်းနောက်ကျသွားပြီ ဖြစ်ပါတယ်။ လူတွေရဲ့ Data တွေကို နည်းပညာ companies တွေက အလွယ်တကူရယူပြီး AI models တွေမှာ အသုံးပြုနေကြပါပီ။ Tim Berners-Lee အနေနှင့် Data တွေနှင့် ပတ်သက်ပြီး တိကျတဲ့စည်းမျဥ်းစည်းကမ်းတွေကို ထုတ်ပြန်တာမျိုးအပြင် World Wide Web ကို မူပိုင်ရပိုင်ခွင့်နှင့် လုပ်ဆောင်ခွင့်အတွက်လည်း ကြိုးပမ်းလျက်ရှိပါတယ်။