Social Media ရဲ့ အနာဂတ်အသစ် – (AI) ပုံအတုအစား ပုံအစစ်တွေကိုပဲ ခွဲခြားရတော့မယ်

AI ပုံတွေက social media မှာ အရမ်းများလာတော့ ဘယ်ဟာအစစ်၊ ဘယ်ဟာအတုမှန်း မခွဲနိုင်တော့တဲ့ခေတ်မှာ Instagram ရဲ့ အကြီးအကဲ Adam Mosseri ကတော့ အဖြေတစ်ခုပေးလိုက်ပါတယ်။ သူက AI အတုတွေကို လိုက်ဖမ်းနေမယ့်အစား၊ “အစစ်” တွေကိုပဲ လက်မှတ်ထိုး (fingerprint) တာက ပိုလက်တွေ့ကျမယ်လို့ ဆိုလိုက်ပါတယ်။

သူ့ရဲ့အဆိုအရ AI တွေက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတာကြောင့် AI ပုံတွေကို လိုက်ပြီး “ဒါက AI ပါ” လို့ label တပ်နေရတာက ရေရှည်မှာ ရှုံးမယ့်တိုက်ပွဲတစ်ခုပါပဲ။ အဲ့ဒီအစား သူက အဖြေတစ်ခုကို ထုတ်ပြပါတယ် – ကင်မရာ ကုမ္ပဏီတွေက ဓာတ်ပုံတစ်ပုံကို ရိုက်လိုက်တဲ့အချိန်မှာကတည်းက “ဒါက အစစ်အမှန်ပါ” ဆိုပြီး cryptographic signature လိုမျိုး လက်မှတ်ထိုးပေးလိုက်သင့်တယ်တဲ့။

Social Media ရဲ့ အနာဂတ်အသစ် – (AI) ပုံအတုအစား ပုံအစစ်တွေကိုပဲ ခွဲခြားရတော့မယ်

ဒီစကားက တစ်ဖက်မှာတော့ Meta (Instagram ရဲ့ မိခင်ကုမ္ပဏီ) က AI အတုတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ လက်မြှောက်လိုက်သလိုပါပဲ။ “အတုတွေကို ဖမ်းဖို့က ငါတို့အလုပ်မဟုတ်ဘူး၊ အစစ်ဖြစ်ကြောင်း သက်သေပြဖို့က တခြားသူတွေရဲ့ အလုပ်” ဆိုပြီး တာဝန်ကို ကင်မရာနဲ့ ဖုန်းကုမ္ပဏီတွေဆီ ပုံချလိုက်တာပါ။ Meta ကိုယ်တိုင်ကလည်း သူတို့ platform ပေါ်က AI ပုံတွေကို ကောင်းကောင်းမခွဲခြားနိုင်သေးဘူးလို့ ဝန်ခံထားပါတယ်။

ဒါ့အပြင် Mosseri က creator တွေနဲ့ photographer တွေကို အကြံဉာဏ်တစ်ခုပေးပါသေးတယ်။ သူက အရင်လို အပြစ်အနာအဆာမရှိအောင် ပြင်ဆင်ထားတဲ့ “polished” ပုံတွေရဲ့ခေတ်က ကုန်သွားပြီလို့ ဆိုပါတယ်။ AI ခေတ်မှာ ကိုယ်ကလူအစစ်ဖြစ်ကြောင်း သက်သေပြချင်ရင်တော့ “မလှမပ” (unflattering) ဖြစ်တဲ့၊ သဘာဝကျကျ “raw” ဖြစ်တဲ့ ပုံတွေကို ပိုတင်သင့်တယ်လို့ သူက အကြံပြုခဲ့ပါတယ်။

တကယ်တမ်းတော့ Mosseri ရဲ့ ဒီစကားတွေက AI ရဲ့ လွှမ်းမိုးမှုကို platform ကြီးတွေအနေနဲ့ ဘယ်လောက်ထိ မနိုင်မနင်းဖြစ်နေလဲဆိုတာကို ဝန်ခံလိုက်တာပါပဲ။ သူတို့က AI ကိုတားဆီးဖို့ထက် AI နဲ့ အတူယှဉ်တွဲနေထိုင်သွားဖို့ လမ်းစကို ရှာနေတာပါ။ ဒါပေမယ့် ဒီကြားထဲမှာတော့ “အစစ်အမှန်” ဖြစ်ခြင်းရဲ့ တာဝန်က platform တွေဆီမှာမဟုတ်ဘဲ၊ ဖန်တီးသူ creator တွေရဲ့ ပခုံးပေါ်ကိုပဲ ရောက်လာခဲ့တာကို တွေ့ရပါတယ်။

Exit mobile version