IBM နှင့် AI အပေါ်ထင်မြင်ယူဆချက်များ

AI တွေအပြိုင်အဆိုင် ပြိုင်နေကြတဲ့ခေတ်ကြီးထဲမှာ ကွန်ပျူတာလောကက ဘိုးတော်​တစ်ဆူဖြစ်တဲ့ IBM ကတော့ ငြိမ်နေပါတယ်။ ဒီအကြောင်းအရာနှင့်ပတ်သက်ပြီး CNBC media က CEO ဖြစ်တဲ့ Arvind Krishna ကို AI တွေနှင့် ပတ်သက်ပြီး မေးမြန်းထားပါတယ်။ နည်းပညာလောကက လူတိုင်းကလည်း စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ IBM အနေနှင့် AI ရှိနေပြီလား၊ ဖွက်ထားတာလားဆိုတာကို လူတိုင်းလည်း သိချင်နေကြပါတယ်။

ပထမဦးဆုံး CEO, Arvind Krishna ပြောကြားချက်အရ ကုမ္ပဏီရဲ့ နှစ်စဉ်အမြတ်ဝင်ငွေထဲက AI model ကို train ဖို့အတွက် ငွေကို ချန်ထားပြီး လက်ရှိမှာလည်း အသုံးပြုနေပါတယ်။ စျေးကွက်ထဲမှာ Google, Microsoft နှင့် OpenAI တို့လို အရမ်းကောင်းမွန်တဲ့ AI တွေရှိနေပေမယ့် IBM က ပြိုင်ပွဲထဲမှာ ဝင်ပြိုင်ဖို့ စောနေသေးတယ် ပြောပါတယ်။ IBM အနေနှင့် AI model တစ်ခုကို ချပြပြီး ရောင်းစားတာက IBM စတိုင်မဟုတ်ပဲ သေချာခိုင်မာမှ ချပြမယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အများနှင့်မတူပဲ ကွဲထွက်နေတဲ့ AI ကို ပိုပြီးလိုလားတယ်လို့လည်း Arvind က ဖြေကြားခဲ့ပါတယ်။ လက်ရှိမှာ IBM ရဲ့ AI model ဖြစ်တဲ့ Watson X ရှိနေပြီး features တွေကို အရမ်းချပြတာမျိုးတော့ မလုပ်သေးပါဘူး။

IBM ရဲ့ CEO ဖြစ်သူ Arvind Krishna

IBM စိတ်ပူတဲ့အဓိက အချက်ကတော့ အသုံးပြုသူတွေရဲ့ Data တွေကို အလွယ်တကူရယူပြီး အလွဲသုံးစားလုပ်တာမျိုးပါ။ OpenAI ရဲ့ ChatGPT, Bard AI က အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို မသမာသူတွေက အလွယ်တကူရယူနိုင်တာကြောင့် တရားဥပဒေရေးရာမှာ မေးစရာမေးခွန်းတွေ ဖြစ်နေပါတယ်။ IBM ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ WatsonX ကို လုပ်ငန်းတွေအတွက် လွယ်လွယ်ကူကူအသုံးပြုနိုင်ပြီး ၂၀၃၀ ခုနှစ်မှာ သတ်မှတ်ထားတဲ့ အမြတ်ငွေတစ်ခုရရှိအောင် ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။ ထို့အပြင် အစိုးရတွေအတွက် ထုတ်လုပ်ထားတဲ့ AI models တွေလည်း ရှိနေပြီဖြစ်ကြောင်း အသိပေးပါတယ်။

IBM နှင့် AI အပေါ်ထင်မြင်ယူဆချက်များ 1

“AI အပေါ်မှာ လူတွေက အလုပ်တွေဆုံးရှုံးပြီး လစာတွေနည်းသွားမှာကို စိုးရိမ်နေကြပါတယ်။ အမှန်ကတော့ AI ကို အသုံးပြုပြီး အလုပ်တွေများစွာ လုပ်နိုင်လာစွမ်းက အလုပ်တွေကို မဆုံးရှုံးစေတဲ့အပြင် အလုပ်အကိုင် အခွင့်အလန်းတွေပါ ပိုတိုးပွားလာမှာ ဖြစ်ပါတယ်။ ဒါကကောင်းမွန်တဲ့ တိုးတက်မှု တစ်ခုဖြစ်ပြီး လူတွေအတွက်လည်း အလုပ်အကိုင်တွေ ဖန်တီးပေးလာနိုင်ပါတယ်။” Krishna က ပြောကြားခဲ့ပါတယ်။

IBM အနေနှင့် AI model တွေကို တရားဥပဒေအရ ခိုင်လုံပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပြီးမှသာ တွင်တွင်ကျယ်ကျယ် ထုတ်ပြသွားမယ်လို့ ဆိုပါတယ်။ လက်ရှိ company အတွင်းမှာတော့ ထုတ်လုပ်တားတဲ့ AI model အများကြီးရှိနေပြီး အချိန်တစ်ခုရောက်မှသာ လူတွေလက်ထဲကို ထည့်ပေးသွားမယ်လို့ ဆိုပါတယ်။ အစိုးရတွေရဲ့ သဘောထားတွေကိုလည်း လိုက်နာသွားပြီး AI model ကို ထုတ်ပြသွားမယ်လို့လည်း ဖြေကြားခဲ့ပါတယ်။

Exit mobile version