Humane Ai Pin မှာ Google Photos Service ကိုထည့်သွင်း

Humane (electronics company) သူတို့ရဲ့ ဘက်စုံသုံး AI Wearable Device ဖြစ်တဲ့ Ai Pin ကို လာမည့် ဧပြီလ ၁၁ ရက်နေ့မှာ 699$ (for US) နဲ့ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ Ai Pin က လူရဲ့ အသံ၊ လက်ဟန်တို့ကိုအသုံးပြုပြီး Laser screen ပေါ်မှာ သီချင်းဖွင့်ခြင်း၊ ဖုန်းခေါ်ခြင်း၊ လမ်းကြောင်းပြခြင်း၊ ရှာဖွေခြင်း နဲ့ ဘာသာပြန်ခြင်းတို့မှာ အသုံးပြုနိုင်တဲ့ AI Device တစ်ခုဖြစ်ပါတယ်။ မတူညီတဲ့ ဘာသာစကားများကိုလဲ Ai Pin ကတိုက်ရိုက် Translation လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

Humane Ai Pin မှာ Google Photos Service ကိုထည့်သွင်း

Humane Ai Pin မှာ 13-megapixel ultra wide ကင်မရာ (120° FOV, f/2.4 aperture) ပါဝင်တာဖြစ်ပါတယ်။ အသံ ဒါမှမဟုတ် လက်နှစ်ချောင်းနဲ့ Touchpad ကို နှစ်ချက်နှိပ်လိုက်ရုံနဲ့ ဓာတ်ပုံရိုက်လို့ ရမှာဖြစ်ပါတယ်။ ဓာတ်ပုံတစ်ခါရိုက်ရင် Ai Pin က ပုံ သုံးပုံကို ဆက်တိုက်ရိုက်ပြီး တစ်ခါထည်း Save ထားပေးမှာ ဖြစ်ပါတယ်။ ရိုက်ထားတဲ့ ပုံများကိုလဲ Humane ရဲ့ cloud/web ပေါ်မှာ တစ်ခါထည်း Save ပေးမှာ ဖြစ်ပါတယ်။

Humane.Center(cloud/web) ကိုတစ်လ ၂၄ ဒေါ်လာ Subscription fees ပေးရမှာ ဖြစ်ပါတယ်။ Ai Pin ရဲ့ နောက်ဆုံးထွက်ထားတဲ့ Update မှာ Google အကောင့်ကို Humane.Center နဲ့ချိတ်ထားပါက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Google Photos မှာ ရိုက်ပြီးတာနဲ့ ချက်ချင်းကြည့်လို့ ရမှာ ဖြစ်ပါတယ်။ Humane Ai Pin Device ကိုဝယ်မယ်ဆိုပါက 699$ အပြင် Humane.Center(cloud/web) အသုံးပြုနိုင်ဖို့ အတွက် တစ်လကို Subscription fees 24$ ပါထည့်ပေါင်းရမှာ ဖြစ်ပါတယ်။

Exit mobile version